ep-28

1.2K 93 3
                                    

Unicode <<<

နိုးထနေကျမနက်ခင်းက နိုးစက်အသံနဲ့ အတူတူအမြဲ အထီးကျန်နေကျ၊ လာနိုးပေးမဲ့သူမရှိတော့တဲ့ မနက်ခင်းတွေ၊ ပြင်ဆင်ပေမဲ့သူ မရှိတော့တဲ့ ကိုယ်ရဲ့ တစ်နေ့သာ လှုပ်ရှားမှု တွေ က သိပ်ကို ငြီးငွေ့ ဖို့ကောင်းလွန်းတယ်။

ဒီလိုဘဝမျိုးနဲ့ နေသားကျနေအောင် ကိုယ် ကြိုးစားခဲ့တာ အင်း..အခုဆို 10နှစ်ရှိပြီ။ 10နှစ်ဆိုတဲ့ အတိုင်းတာ က လူတစ်ယောက်ကို အများကြီးပြောင်းလဲ သွားစေလောက်တဲ့ အချိန်ဆိုပေမဲ့ မပြောင်းလဲ  နိုင်သေးတဲ့ ကိုယ့် နှလုံးသားကိုရော ဘယ်လို ထိန်းချုပ်ရမှာလဲ။

မောင့်ကို ခွင့်လွှတ်ဖို့ အချိန်မလုံလောက်သေးလို့လား..baek ရယ်..

Chanyeol တစ်ယောက် အိပ်နေရင်း အိမ်မက်လိုလို တကယ်လိုလို အသံ တိုးတိုးလေးတွေ ကြားလိုက်ရတယ်။ ပုံမှန်ဆိုရင် ချက်ချင်းထ လိုက်မိပေမဲ့ ညက တော်တော်လေးနောက်ကျမှ အိပ်ထားရတာမို့လို့ လူက မလှုပ်ချင်။ မျက်လုံးတွေကလဲ ပွင့်ဖို့ စိတ်ကူးမရှိ။

"ဝါး..မျက်တောင်လေးတွေက အရှည်ကြီးနော်.."

"ရှူး..တိုးတိုး နိုးသွားမယ်လေ"

"နိုးပါစေလေ..လေးငယ်ကလာနှိုးခိုင်းတာကို.."

"ဗြောလ်..သေချာကြည့်စမ်း..ဟိုမှာ ဆံပင်တွေကို"

"အယ်..တကယ် ကြီး..ဟီး"

Chanyeol တွေးမိတာက အော် အိမ်မက်ထဲမှာ တော်တော်နားညီးပါလားပေါ့။ကိုယ်က ပဲ စိတ်ဆွဲ ပြီး ကြားနေတာ ထင်လို့ ဘေးစောင်းအိပ်နေရင်းက နေ အသံတွေ ပျောက်လို့ ပျောက်ငှား ပက်လက်လန်အိပ်လိုက်သည်။

"အယ်..အယ် လှုပ်လာပြီ.."

"နိုးသွားပြီလားမသိဘူး.."

"ကိုကြီး..သေချာကြည့်ကြည့်..."

အစောပိုင်းက ဘေးတစ်စောင်းအနေထားမို့ မျက်နှာကို တစ်ချမ်းပဲ မြင်ရပေမဲ့ အခုတော့ မျက်နှာ တစ်ခုလုံးကို ရှင်းရှင်းလင်းလင်း မြင်ရလေပြီ။

"နှာခေါင်းလေးကလဲ..မြင့်မြင့်လေးနဲ့ မိုက်လိုက်တာ..မျက်ခုံးကလဲ အထူကြီးပဲနော်.."

💔Masochism💔(Completed) Where stories live. Discover now