ep-17

1.2K 83 3
                                    

Unicode<<<

အထီးကျန်စွာ နိုးထလာရတဲ့မနက်တွေက သိပ်ကိုအကျည်းတန်လွန်းတယ်။ တကယ်တော့နိုးထလာတယ်လို့ပြောရအောင်လဲ တစ်ညလုံးအိပ်မှ မအိပ်ရသေးပဲလေ။ညထဲက အေးစက်နေတဲ့ ကုတင်ပေါ်က မောင့်နေရာလေးကိုကြည့်ရင်း မျက်ရည်ကျမိတယ်။ ခုနောက်ပိုင်းမောင်ခြေလှမ်းတွေ ပျက်နေတာ အရမ်းသိသာတာပဲ။
မောင့်ရဲ့ဖေဖေနဲ့သွားတွေ့ပြီးပြန်လာကတည်းက
ငါ့အပေါ်အများကြီးပြောင်းလဲ သွားတာ ငါမသိရလောက်အောင် မတုံးသေးဘူး။

ဘာတွေကများ သိပ်ချစ်တတ်တဲ့ ငါ့ရဲ့မောင်ကိုပြောင်းလဲသွားစေတာပါလဲ။

ထစ်ခနဲ ဆိုဒေါသထွက်တတ်တဲ့ ငါ၊တစ်ခုခုဆို စိတ်ထိခိုက်လွယ်တဲ့ ငါ၊မင်းနဲ့ ပတ်သတ်ရင် အရာရာအရှုံးပေးထားတဲ့ ငါက တစ်ခါတစ်လေ
တော့ စိတ်ဆိုးလို့ရတယ်မှတ်လား..။

ပြန်လာချော့ဖို့ကိုလား ဟင့်အင်း ငါမမျှော်လင့်ပါဘူးလို့ပြောရင် ငါလိမ်ရာကျနေမလား မောင်။ငါလဲ လူသားတစ်ယောက်ပဲလေ ဘယ်လောက်စိတ်မာတယ်လို့ပဲ ပြောပြော၊ဘယ်လောက် မာနကြီးတယ်လို့ပဲ ပြောပြော ကိုယ်တန်ဖိုးထားရတဲ့သူရဲ့ ဂရုစိုက်မှုလေးကိုတော့ လိုချင်တာပေါ့။

စချစ်ခံရထဲက အခြေနေတစ်ခုနဲ့ နေရာတစ်နေရာအတွက် စဥ်းစားခံခဲ့ရတာပဲ မဟုတ်လား။ ကိုယ့်အခြေနေကိုယ်နားလည်တယ်။အများကြီး မချစ်မိစေနဲ့၊အများကြီး ဂရုမစိုက်ပေးမိစေနဲ့ ပြီးတော့ မင်းအပေါ်မှာလဲ အများကြီးမျှော်လင့်ချက်မထားမိစေနဲ့တဲ့။ အဲ့ အများကြီးက တစ်ချိန်ချိန်မှာ လူတစ်ယောက်ကိုအများကြီး ခံစားရစေတယ်တဲ့လေ။ငါ ကို lay hyung ပြောပြတုန်းက ရီခဲ့မိတယ်။ငါ့ရဲ့ မောင်က ဘယ်တော့မှ ငါ့ကိုနာကျင်အောင်လုပ်မှာမဟုတ်ဖူး လို့ ဂုဏ်ယူစွာနဲ့ ပြောပြဖြစ်ခဲ့သေးတယ်။

Hyung ကမေးဖူးတယ်
"Baekလေး ရဲ့မောင့်ကိုသိပ်ချစ်တာပဲလား"တဲ့အဲ့တုန်းက Hyung ကိုပြုံးပြီး ခေါင်းငြိမ့်ပြခဲ့တယ်။ 

ငါမောင့်အပေါ်ဘယ်လောက်စွဲလမ်းနေပြီလဲ ဆိုတာတော့ မပြောပြဖြစ်ခဲ့ဘူး။

သိပ်ကိုရင့်ကျတ်ပြီးတည်ငြိမ်တတ်လွန်းတဲ့ ငါကိုပဲ မောင်မြင်တယ်။ ငါ့ရင်ထဲက ဒဏ်ရာဒဏ်ချက်တွေကိုကျတော့ မောင်မြင်အောင်မကြည့်တတ်ခဲ့ဘူး။

💔Masochism💔(Completed) Donde viven las historias. Descúbrelo ahora