ep-26

1.2K 87 4
                                    

Unicode <<<

Lay တစ်ယောက် ကုမ္မဏီ ရောက်ထဲက စိတ်နဲ့လူနဲ့ မကပ်ပေ။ ဟိုတစ်နေ့ ကိစ္စပြီးထဲက အတွေးတွေက တောင်စဥ်ရေမရ လျှောက်တွေးနေသည်မှာ ဒီနေ့ အထိပင်။အခုလဲ Kai နဲ့ Sehun က ညနေ တွေ့ဖို့ ချိန်းထားသည်။ မသွားလို့လဲ မဖြစ်ပြန်။ ဘာကိစ္စဆွေးနွေး မလဲ ဆိုတာလဲ သူသိသည်။လူကြီးလူကောင်းပြီ ပြီအခြေနေကို အေးအေးဆေးဆေး ဖြေရှင်းသင့်သော်လဲ
တစ်ဖက်မှာ နစ်နာသူ တွေက ကိုယ့်ရဲ့ ညီလေး။
နောက်ဆက်တွဲ အကျိုးဆက်က တူတော်မောင်လေးနှစ်ယောက်။

ကလေးနှစ်ယောက်ကို တော့ တကယ်မထိခိုက်စေချင်ပါ။ သို့သော်Baekhyun ကတော့လုံးဝခွင့်ပြုမည်မဟုတ်မှန်းသူသိသည်။

တစ်ဖက်ကကြည့်ရင်လဲ လုံလုံလောက်လောက်နာကျည်းသင့်တဲ့ ညီငယ်လေး၊ တစ်ဖက်မှာကျတော့လဲ မိစုံဖစုံရှိရဲ့နဲ့ မိသားစု စုံစုံလင်လင် မနေရတဲ့ တူလေးတွေ။ တစ်ခုခု ကိုတော့ သေချာ ဆုံးဖြတ်မှ ရတော့မယ်။သူတကယ်ပဲ ဘယ်လို လုပ်သင့်ပါသလဲ။

"သူဌေး.."

ကုမ္မဏီ ရောက်ထဲက စိတ်နဲ့ လူနဲ့ မကပ်သော မိမိ၏သူဌေး တနည်းအားဖြင့် ကျောင်းနေဖက်သူငယ်ချင်းဖြစ်သူ။

စိတ်ညစ်တိုင်း အမြဲ သောက်တတ်တဲ့ ကော်ဖီ ခါးခါးလေးတစ်ခွက်ကို ဖျော်ပြီး လာပို့တဲ့ အထိသတိမကပ်သေးတဲ့ သူ့ကြောင့် Suhoတစ်ယောက် စိတ်ညစ်ရပြန်ပြီလေ။

Suho Pov:
'ထပ်ပြီး စိတ်ညစ် နေ ပြန်တာလား Shin '

"..."

"သူဌေး"

"..."

နှစ်ကြိမ်မြောက်ခေါ်သည် အထိ မော့မကြည့်လာတဲ့သူကြောင့်မရှည်တဲ့ စိတ်တို့က ပို၍ တိုလာရပြန်ပြီလေ။

"သူဌေး!!!"

အနား ကပ်ပြီး လက်မောင်းကို တစ်ချက်ရိုက်ကာ အကျယ်ကြီးအော်ခေါ်လိုက်တော့

'ဝုန်း!? '

'ခလွမ်း..'

အတွေးလွန်နေတဲ့ lay က ရုတ်တရပ် လှမ်းရိုက်
ခံလိုက်ရတာမို့လို့ လန့်ပြီး တွန်းလိုက်မိသည်။ ထိုင်ခုံကို ခြေနဲ့ ကန်မိသလိုမျိုးတွန်းလိုက်ပေမဲ့ ရပ်နေတဲ့ အတွင်းရေးမှူး ကိုအရှိန်နဲ့ ဝင်တိုက်မိတော့သည်။

💔Masochism💔(Completed) Wo Geschichten leben. Entdecke jetzt