ep-40

1.1K 85 2
                                    

Unicode<<<<

"ဝေါ့..ဝေါ့..အား..အဟွတ် အဟွတ်"

"Pa...အန်ပြန်ပြီလား။ ကိုကြီးရေ..လုပ်ပါဦး ဒီမှာ Pa အန်နေပြန်ပြီ..အသားတွေလဲ အေးစက်နေတာပဲ"

ရေချိုးခန်းထဲ တွင်ထိုးအန်နေသော Baekhyun ကိုမြင်တော့ အပြာအယာပြေးလာပြီးကျောကိုပွတ်ပေးနေတဲ့ ဗြောလ်။ တစ်ဆက်ထဲမှာ ယန်းကိုလဲ လှမ်းအော်ခေါ်နေသေးသည်။

"Pa... ရရဲ့လား။သားဆရာဝန်ခေါ်လိုက်မယ်လေ နော်။ခဏလေး.."

ဗြောလ်အသံကြောင့် ပြေးဝင်လာတဲ့ ထယ်ယန်မှာလဲ စိုးရိမ်မှုအပြည့်ဖြင့်သာ

"ထယ်ယန်း..မခေါ်နဲ့.."

Bh pov: ခေါ်လို့မဖြစ်ဘူး။ကလေးတွေ သိသွားလိမ့်မယ်။ ဟုတ်တယ်..သိလို့မဖြစ်ဘူး

"ဟင် Pa က အန်နေတာ လေပြီးတော့နှုတ်ခမ်းလေးတွေ ဖြူဖျော့နေတာပဲ"

"Pa သက်သာသွားပါပြီ။ ဗိုက်ထဲက အသေးလေးက နေမကောင်းလို့ထင်တယ် အာ့ကြောင့်နဲနဲပင်ပန်းတာပါ"

အနည်ငယ်ဆူထွက်နေပြီဖြစ်သော ငါးလကျော်ဗိုက်လေးကို အသာယာပွတ်ပြပြီး ခပ်အေးအေးလေးပြန်ဖြေတော့ ဟုတ်ရဲ့လားဆိုသည့်အကြည့်နဲ့အကဲခေတ်နေကြသည့် ညီအကိုနှစ်ယောက်။

"ဟင့်..ဗိုက်ထဲက အငယ်လေးရေ Paကိုနာအောင်မလုပ်နဲ့လေနော် ။Pa သနားပါတယ် အခုကြည့်ထတောင် မထနိုင်တော့ပုတွေ့လား.."

မျက်ရည်လေးတွေဝဲ ပြီးဗိုက်လေးအနားတိုးကာ ပြောလေသော ဗြောလ်ကြောင့် Baekhyun တစ်ယောက်အချစ်ပိုရပြန်ပါသည်။

"ဟုတ်တယ် အထဲက အဆိုးလေးရေ မင်းနော် အပြင်တောင်မရောက်သေးဘူး Pa ကိုနှိပ်စက်နေတာဟုတ်လား။ အပြင်ရောက်လာရင် ဒီကိုကြီးက အပြစ်ပေးမှာနော်"

"အာ့"

"Pa ဘာဖြစ်လို့လဲ"

"လက်ပေး..သားယန်းလေး
ခုနကလိုပြန်ပြောကြည့်"

ဗြောလ်လက်လေးကိုယူပြီး Baekhyun ဗိုက်လုံးလုံးပေါ်တွင် တင်ပေးလိုက်သည်။ ထယ်ယန်းလေးကိုလဲ စကားဆိုစေပြန်သည်။

"အရမ်းဆိုးလို့အပြင်ရောက်ရင် ကိုကြီးယန်းလေးက အပြစ်ပေးမှာနော် ကြားလားအဆိုးလေးရေ"

💔Masochism💔(Completed) Donde viven las historias. Descúbrelo ahora