Extra-I

1.1K 68 2
                                    

Unicode
————/

Baekhyun မောင်းလာတဲ့ ကားလေးတဖြေးဖြေးနဲ့ Park စံအိမ်တော်ကြီးကိုရောက်ရှိလာခဲ့သည် ။

မောင်က ဒီနေ့ ကလေးထိန်းဖို့တာဝန်ကျတယ် မှတ်လား..။ အဲ့တော့ ကျွန်တော် ကုမ္မဏီ ကိုသွားနိုင်တာလေ ။ သားလေးတွေကို မမွေးခင် သုံးလလောက် ထဲကမောင်က ကုမ္မဏီကိုမသွားခိုင်းတော့တာ လေ။ သားသားလေးတွေ ကို မွေးပြီးတော့လည်း..ကလေးတွေက ငယ်သေးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မသွားခိုင်းပြန်ဘူး ။ အဲ့တော့ ကုမ္မဏီတစ်ခုလုံးကို lay hyung တို့နှစ်ယောက်ကိုပဲ အပ်ထားရတော့တာပေါ့ ။

တစ်နေ့တစ်နေ့ အလုပ်တွေပဲ လုပ်နေပြီး သူ့ကိုတောင်အချိန်မပေးတော့တဲ့ Suho hyung ကြောင့် Lay hyung မှာ မျက်နှာက မကောင်း ။  Baekhyun က 'အဆင်ပြေရဲ့လား Hyung'လို့မေးရင်လည်း..မျက်နှာငယ်လေးနဲ့..'ရပါတယ် ' ဆိုပြီး..Suho hyung ကိုပဲ ကြည့်နေသည် ။

မောင်ကိုပဲအပြစ်ပြောနေရသည့် အဖြစ်။ အခုလည်း သားသားတို့ 6လကြော်နေပြီ လေ ။ တစ်လုံးတစ်ခဲ ကြီးတွေနဲ့ ထွားတာက မြန်ချက် ။ယန်းလေးတို့ကို မွေးတုန်းကတောင် အဲ့လောက်မြန်မြန်မထွားဘူး ။

မထွားပဲနေနိုင်ရိုးလား..ထမင်းမစားနိုင်သေးပေလို့ပဲ ၊ တောင်းလိုက်တဲ့ နို့..။ညဘက်တွေ ဆိုလည်မနေနိုင်။ ကောင်းကောင်းမအိပ်ရ သည့်အဖြစ် ။ဒါတောင် မောင်က လစ်ရင်လစ်သလို..ကလေးဖြည့်စွက်ဆာတွေ ခိုးခိုးကျွေးသည် လေ ။ သူ့သားလေးတွေ အားမရှိမှာဆိုးလို့တဲ့ ။

ဒီနေ့က Baekhyun မသွားလို့မဖြစ်သည့် ကိစ္စကြောင့် အလုပ်ကိုထွက်လာခဲ့သည် ။ အလုပ်က မသွားလို့မဖြစ်တော့ ။ ည ည ကုမ္မဏီအကြောင်းတွေ အသေးစိတ် တင်ပြရင်lay hyung က သူ့ကိုလည်း သနားပါဦးဆိုပြီးတော့ ငိုသံကြီးနဲ့ပြောပြောနေသည်မှာလည်း တကယ်အားနာရသည် ။

ဒါတောင် အလုပ်သွားခါနီး ဆူပုတ်ပုတ်နဲ့ စိတ်ကောက်နေသည့်အိမ်က အကြီးဆုံးကလေးကြီးကို စိတ်ရှည်လက်ရှည်ချော့ပြီး ထွက်လာခဲ့ရသည် ။ဒါတောင်မှ မောင်ကပြောလိုက်သေးတယ်..

"မောင်က..မောင့်အသဲလေးကို မပင်ပန်းစေချင်လို့ပါ.."

ဆိုပြီး..။ ကဲ အဲ့တာကိုပဲ ကြည့်တော့ ။
ကလေးကဖြင့် 4ယောက်ရနေပြီ ။ မောင်က အခုထိ ကလေးဆိုးကြီးလိုပဲ ။ ရစ်လို့ကောင်း ၊ချွဲလို့ကောင်းတုန်း..။ သဝန်တိုလိုက်တာလည်း..လွန်ပါလေရော..။

💔Masochism💔(Completed) Où les histoires vivent. Découvrez maintenant