ep-13

1.1K 97 2
                                    

...

တကယ်တမ်းကျတော့ ကိုယ်က သိပ်ကို အစွဲအလမ်းကြီးတတ်တဲ့သူတစ်ယောက်ပါ။
သူ မရှိလဲဖြစ်ပါတယ်ဆိုတဲ့ ပုံစံမျိုးချိုးဖို့ညတွေမှာ ခိုးငိုခဲ့ရပြီးနာနေတဲ့ရင်ဘတ်ကိုဖိပြီး ကိုယ် ပြုံးရယ်ပြလိုက်တာပါ။

သူတို့မသိဘူး ဟန်မပျက်နေဖို့ သောကတွေ ဘယ်လောက်ရင်းခဲ့ရလဲ သူတို့မသိဘူး ။
သူတို့အထင် အဆင်ပြေပါတယ်လို့ပဲမြင်ကြရုံပါ တကယ်တမ်းကျတော့ သောကတွေနဲ့ ရင်တစ်ခုလုံး လောင်ကျွမ်းနေရတတ်တယ် ။

လူတွေက ဒီလိုပါပဲ  အပေါ်ယံအမြင်လောက်နဲ့ လူတစ်ယောက်ကို ဆုံးဖြတ် အကဲဖြတ်တတ်ကြတယ် ။ တစ်ဖက်လူရဲ့ ခံစားချက်တွေကို မြင်အောင် မကြည့်တတ်ခဲ့ကြသလို ဘယ်သူကမှလဲ နားလည်မပေးခဲ့ကြဘူး ။

ဒီလိုနဲ့ ကိုယ်လဲဟန်မပျက်အောင် ကိုယ့်ကိုယ်ကိုယ် လိမ်ညာနေခဲ့မိတာပါ ။

ဥပမာ။ ။ ကိုယ် ငယ့်ကို မလွမ်းဘူးလို့💔

...

ရောက်လာခဲ့ပြီ ငယ်ရှိတဲ့ မြို့ကို
နောက်ဆုံးအကြိမ်ပဲ ဖြစ်ဖြစ်ငယ့်ကိုတွေ့သွားချင်တဲ့ မျှော်လင့်ချက် လေးတစ်ခု နဲ့

မိုက်ရူးရဲဆန်ပြီး တဇွတ်ထိုးမလုပ်ဖို့နဲ့ ဆေးကုပေါ့မယ်ဆိုတဲ့ ကတိကို အကြိမ်ကြိမ်ပေးခိုင်းပြီးမှ သွားခွင့်ပေးတဲ့

သူငယ်ချင်းဖြစ်သူ KaungSoo ကို နှုတ်ဆက်ပြီးထွက်လာခဲ့တယ်

"Oppa ရောက်ပြီလား.."

အခန်းထဲကို တံခါးလေးဟပြီး လာနှုတ်ဆက်တဲ့
Yoona အဲ့ကလေးမလေးလဲ ကိုယ်ဘယ်လောက် လစ်လျူရှု ပြီးပစ်ထားထား တကယ့်ကိုအပြစ်မမြင်ပဲ ခင်တွယ်နေရှာသည်လေ။ တခြားတုန့်ပြန်မှုတွေ အစားခေါင်းတစ်ချက် ငြိမ့်ပြလိုက်တယ်။

"..."

"ပြောစရာ ရှိသေးလို့လား "

ခုထိ အထဲလဲ မဝင်ရဲ ပြန်လဲ မသွားပဲ တံခါးဝမှာ ရပ်နေတဲ့ သူ့ကြောင့်မေးမိတော့..

"အိမ်မှာ..အပြီးပြန်နေမှာလား..arrnyi အိမ်ပြန်လာခဲ့ ပါ Oppa"

သက်ပြင်းတစ်ချက်ချပြီး အိမ်ယာပေါ်လှဲအိပ်လိုက်တယ်။ တစ်ကယ်ဆို အိမ်လို့သာ ပြောတာ
နွေးထွေးမှု တစ်စုံတစ်ရာတောင်မရှိတဲ့ ဒီနေရာကြီးမှာ သူမနေချင်ပါ။

💔Masochism💔(Completed) Donde viven las historias. Descúbrelo ahora