ep-27

1.1K 93 4
                                    

Unicode <<<

"ဗျာ.."

"တကယ်ကြီး.."

အသံ ပြိုင်တူထွက်လာသော ယန်းနဲ့ ဗြောလ်။
ဟုတ်ပါတယ်။ပြီးခဲ့တဲ့ တစ်ပတ်က Sehun တို့အကြောင်းစုံသိပြီးနောက် ယန်းလေးတို့နဲ့ တရားဝင် မိတ်ဆက်ပေးရန် သဘောတူခဲ့ကြတယ်။ မိသားစု ကိစ္စဆိုတော့ Lay ရဲ့ အိမ်မှာပဲ ကလေးတွေနဲ့ တွေ့ပေးဖို့ စီစဥ်ခဲ့ကြတယ်။

မိတ်သာဆက်ပေးရမှာ..ကိုယ်တွေမှာက ရင်တထိတ်ထိတ် ။ သူတို့လေးတွေ လက်ခံပေါ့မလားစိုးရိမ်ခဲ့ကြသေးတယ်။ အခုလဲ ကြည့် Sehun က သူတို့ရဲ့ ဦးလေးအရင်းလို့လဲ ပြောရောနှစ်ယောက်လုံးရဲ့ တုန့်ပြန်မှုက ထင်ထားတဲ့ အတိုင်းပင်။ အရမ်းကို အံ့သြ သွားကြသည်။ ဗြောလ်လေးဆို အသံတွေပါ တုန်ယင်လာသည် အထိ။

"ဘာလဲ ဝမ်းမသာကြဘူးလား.."

Lay hyungက ငြိမ်ကျသွားသော အမွှာ နှစ်ကောင်ကြောင့် စကားစပေးလိုက်တယ်။ Sehun ကလဲ မျက်နှာငယ်လေးနဲ့ kai ရဲ့လက်ကို ကိုင်ရင်း..ကလေးတွေ မျက်နှာကိုသာကြည့်နေသည်။ သူ သိပ်စိုးရိမ်နေမှာ ကျွန်တော်သိတာပေါ့။

"အူဝါး..လေးငယ် ဟင့် လေးငယ်က ဗြောလ်တို့ရဲ့ ဦးလေးအရင်းပေါ့..."

ရုတ်တရပ်ကြီး ထငိုသော ဗြောလ်လေးနဲ့ လုံးဝကြီးငြိမ်ကျသွားသော ထယ်ယန်း။
Sehun ငိုနေတဲ့ ဗြောလ်ဘေးနား သွားထိုင်ပြီး ပွေ့ဖက်ထားမိသည်။ ဒီကလေးတွေ သိပ်ကိုပင်ပန်း ခဲ့ကြမှာ။

"ဟုတ်တာပေါ့ ဗြောလ်လေးရဲ့"

"ဗြောလ် က ဗြောလ်လေးတို့က လေးလေးနဲ့ Pa ပဲ ဗြောလ်တို့မှာ ရှိတယ်လို့ ထင်နေတာ..အင့်"

"အခု လေးငယ်ရှိနေပြီလေ..ပြီးတော့လေးငယ်ရဲ့ အကို သားတို့ရဲ့ အဖေလဲ ရှိတယ်"

အဖေ ဆိုတဲ့အသံလဲ ကြားရော..မျက်ရည်တွေ ပြည့်နေတဲ့ မျက်လုံးဝိုင်းကြီးတွေ ဖြင့်မော့ကြည့်လာသည့် Sehun ရင်ခွင်ထဲက ဗြောလ် နဲ့ ဘေးမှာ ထိုင်နေတဲ့ ယန်းလေး။ တစ်စိတ် ယန်းယေးက အရမ်းငြိမ်နေသလားလို့။

"ဟင်..အဖေ"

"အွန်း..သားတို့ရဲ့ အဖေ သူလဲ သားတို့ကို တွေ့ရင် သိပ်ဝမ်းသာမှာ..ဗြောလ် မတွေ့ချင်ဘူးလားဟင်.."

💔Masochism💔(Completed) Tempat cerita menjadi hidup. Temukan sekarang