ep-21

1.2K 84 0
                                    

Unicode <<<

"ကွာရှင်းရအောင်"

"Baek ဘာပြောလိုက်တာလဲ.."

"ကွာရှင်းကြရအောင်လို့..။မောင်လဲ အဲ့လိုပဲ ဖြစ်စေချင်နေတာမှတ်လား။အခု ရပြီလေ မောင်
လွတ်လပ်သွားပြီး မောင်ကြိုက်တဲ့သူဆီသွားလို့ရပြီ ဘယ်သူ့ကိုမှ ငဲ့ကြည့်နေစရာမလိုတော့ဘူး"

"မောင်..မောင်.."

"သိပ်ကို အံ့သြသွားသလားမောင်..။ဒါမှ မဟုတ်အပျော်လွန်သွားတာလား။ ငါက မောင့်အောက်မှာနေရရုံနဲ့ ငါစိတ်က ပျော့ညံ့သွားမှာမဟုတ်ဘူး။
ငါဘယ်သူလဲ ဆိုတာ မောင်သိပါတယ်။ ငါက CITY LIGHT ကုမ္မဏီ ရဲ့ CEO BYUN BEAKHYUN။ ဒီစီးပွားရေးလောကမှာ ငါမသိဘူးဆိုတဲ့အရာမရှိဘူး တစ်ချို့ကိစ္စတွေက ငါမသိချင်လို့မျက်စိစုံမှိတ်ထားတာပဲ ရှိတယ်။"

"ဟုတ်တယ်..မောင်က Park Goupရဲ့ ဆက်ခံသူပဲ..ဒါပေမဲ့ မောင်.."

"Park Min Ho ကိုငါသိပ်မုန်းတယ်။ငါအမုန်းဆုံးလူရဲ့ ညီဖြစ်နေမှန်းသိရက်နဲ့တောင်..ငါမင်းကို..အဆုံးထိယုံကြည်ခဲ့တယ်မောင်။"

"Baek...သိနေခဲ့တာလား"

"မောင် ငါ့ကိုငတုံးများမှတ်နေသလား။မင်းနဲ့လက်မထက်ခင် ထဲက ငါသိတယ်။ Lay hyung အတန်တန် သတိပေးရဲ့သားနဲ့ မင်းကတော့သူ့လို မဟုတ်လောက်ပါဘူးလို့ ငါယုံခဲ့တယ်။"

"Baek ကို ကလဲ့စားချေချင် ခဲ့တယ်ဆိုတာဟုတ်တယ်။ဒါကလဲ မောင့်Hyung နဲ့ မောင့်မေမေ မတရားသေဆုံးခဲ့ရတာကို သိခဲ့တဲ့ အတွက်..Baek ကို နာကျင်စေချင်ခဲ့တယ်။ဒါလဲ မောင်ဝန်ခံပါတယ် ဒါပေမဲ့... "

"မ တ ရား သေ ဆုံး ခဲ့ ရ တယ်... !!!"
မယုံကြည်နိုင်ချင်များစွာနဲ့ Baekhyun တစ်ယောက်Chanyeolကို စိုက်ကြည့်မိတယ်။
နာကျင်မှု၊ဒေါသ၊များပြည့်နက်နေတဲ့ Baekhyun ရဲ့အကြည့်စူးစူးတို့က Chanyeol ကိုဆွံံ့အသွားစေတယ်။

PCY POV:မဟုတ်ဘူးလား။Hyung ကBaekကိုရူးသွပ်မိရုံလေးပဲလေ။ ဒါကိုBaekကသာ ပြစ်စလက်ခဲ့ လုပ်ပြစ်ခဲ့တာလေ။ ဒါပေမဲ့ Baekရဲ့မျက်ဝန်းတွေက...ကျစ်..ဘာတွေမှားယွင်းနေတာလဲ။

"ငါနောင်တရတယ် မောင် မင်းနဲ့ တွေ့ဆုံခဲ့မိလို့.."

Baekhyun ရဲ့နာကျင်စွာထွက်ပေါ်လာသော စကားအသံကြောင့် Chanyeol တစ်ယောက် ခြောက်ခြားစွာ ခြေလှမ်းတို့ကို အနောက်ဆုပ်မိတယ်။Baek ကမောင်နဲ့ တွေ့ဆုံခဲ့ရတာနောင်တရ တယ်တဲ့။ ထိုအချိန် အိမ်ရှေ့မှ ကားတစ်စီးရပ်သံကြားလိုက်ရသည်နှင့်အတူ အိမ်ထဲ အပြေးတစ်ပိုင်းဝင်လာတဲ့ လူတစ်ယောက်

💔Masochism💔(Completed) Wo Geschichten leben. Entdecke jetzt