ep-12

1.2K 95 0
                                    


"Daddy... ရေ..Daddy...Hyunnie ရဲ့ Daddy ရေ.."

ကော်ဖီ ဆိုင်ထဲ ကို အသံလေးတဆာဆာနဲ့ ပြေးဝင်လာသော Hyunnie လေးကိုကြည့်ပြီးအသံထွက်ရီမိသည်။ စတွေ့ထဲက Daddy ဟုခေါ်ပြီး အားကိုးတကြီးဆုပ်ဆိုင်ခဲ့ဖူးသော လက်သေးသေးလေးတွေကို သဘောကျပြန်လည်ဆုပ်ကိုင်ခဲ့ပေးဖူးပါသည်။

ပြည့်ပြည့်လုံးလုံးလေးနဲ့ စကားအရမ်းတတ်ပါသော ထိုကလေးပေါက်စလေးက ကိုယ့်ရဲ့ သွေးသားလေးများဖြစ်ခဲ့ရင်ဆိုတဲ့ အတွေးက အတကယ့်ကိုပြောပြမတတ်ပင် အသက်ရှူမြန်စေသည်။

"ဟော..တွေ့ပြီ.."

ဆိုင်ထဲကို ဝေ့ဝိုက်ရှာပြီးနောက်ဆုံး coffee bar မှာ ပြုံးပြီးကြည့်နေသော ကိုယ့်ကို တွေ့သွားတော့ လက်ဖဝါးသေးသေးပြည့်ပြည့်လေးကို နှုတ်ခမ်းမှ အသာအုပ်ရင်း အံသြဝမ်းသာသွားတဲ့ အမူယာနဲ့ ကိုယ့်ဆီပြေးလာတဲ့ ဝက်ပေါက်လေးဟာဖြင့် ခေါင်းအစခြေအဆုံးအနီရောင် ကိုသာ ဝတ်ဆင်ထားပါသည်။

အနီရောင် ခေါင်းစွပ်လေး ရယ် အဖြူရောင် လက်ဇကပန်းသီးရုပ်ပါတဲ့ အင်္ကျီလေးကိုမှ အပေါ်ထပ် အနီရောင်အမွှေးပွလေးဝတ်ဆင်ထားသေးသည်။ ဒူးလောက်ပဲရှိတဲ့ ဘောင်ဘီ အနီလေးနဲ့ ထိပ်မှာ ပန်သီးသေးသေးလေးတွေလို ပုံဖော်ထားတဲ့ ဖိနပ်လေးနှင့် အကုန်ခြုံကြည့်ရ ရင် ပန်းသီးလေးတစ်လုံးကျွန်တော့်ဆီ အရှိန်နဲ့ လှိမ့်လာသလိုပါပင်။

ပြေးလာသော အကောင်ပေါက်လေးကို ပွေ့ဖက်ရင်း ဖောင်းအိနေသောပါးပြင်လေးကို အသံထွက်အောင်မွှေးကြူမိတော့ ရင်ခွင်ထဲက ကလေးငယ်လေးက တခစ်ခစ်နဲ့ သဘောကျစွာရီတော့သည်။

"မွ မွ မွ...အွန်းမွ..Daddy ရဲ့ အူကြူးလေး daddy ကလွမ်းနေတာကို..မွ"

"ခ်ခ်. Daddy ရေ Hyunnie လေးယားတယ်လို့ ခ်ခ်"

"ဟောဗျာ..ဟော့ဒီက daddy အသဲတုန်းလေးကို မွ daddy က ချစ်လို့ မွ မွ အများကြီးလွမ်းနေလို့လေ ဟာ..မွ မွ"

"ဟွန့် လွမ်းတယ်ဆိုပြီးလာလဲ တွေ့ပု"

နှုတ်ခမ်းလေးထော်ပြီးစိတ်ကောက်ပြနေသော ကလေးငယ်ကို ကြည့်ရင်း chanyeol တစ်ယောက်အသဲ တစ်ယားယား.ဘယ်သူနဲ့တူလို့ အဲ့လောက်ချစ်ဖို့ကောင်းနေရတာလဲ သားသားလေးရဲ့

💔Masochism💔(Completed) Donde viven las historias. Descúbrelo ahora