ep-32

1.1K 87 2
                                    

Unicode <<<

ဒီနေ့ Kai တို့ရဲ့ Ent က ရှယ်ယာရှင်တစ်ဦးကို ဆေးရုံမှာ သတင်းလာမေးဖြစ်သည်။ ပုံမှန်ဆို သီးသန့်နေတတ်ပေမဲ့ အခုဟာက ကိုယ်Ent ရဲ့ အဓိက ရှယ်ယာရှင်ဖြစ်နေတာရယ် ကျေးဇူးရှိဖူးတာတွေရယ်ကြောင့် Kai ကိုယ်တိုင်လူနာသတင်းလာမေးခြင်းဖြစ်သည်။

Kai လူနာသတင်းမေးပြီးတော့ ဆေးရုံမှပြန်ရန် ဓာတ်လှေကားထဲ ဝင်လိုက်သည်။ သုံးထပ်ရှိသော ဆေးရုံးကြီးတွင် VIP လူနာများသည် အပေါ်ဆုံးထပ်တွင် ငွေကုန်ကြေးကျခံကာ ပေးနေကြသည်။ ဆေးကုသခြင်းထက် အနားယူစဖွယ် အဆင့်မြင့် တည်းခိုခန်းကဲ့သို့ပင် ကျယ်ဝန်းလာသော VIP Room များတွင် အခန်းထဲဝင်လိုက်သည်နှင့် အထက်တန်းအဆင့်အသုံးဆောင်ပစ္စည်းများကို တွေ့ရသည်။ အခန်းအပြင်ဆင်အသုံးဆောင်များကို ကြည့်ခြင်းအားဖြင့် ကိန်းကြီးခန်းကြီးများသာ ဆေးကုသမှုခံယူနိုင်သော နေရာမှန်းသိသာလှသည်။

အဓိက ရှယ်ယာရှင်တစ်ဦးက ဤမျှလောက်သုံးဖြုန်းနိုင်သည်မှာ သူတို့အတွက်တော့ မဆန်းပေမဲ့ Kai အတွက်တော့ အပိုအလုပ်တွေဟုသာမြင်မိသည်။အခုလဲ ကြည့်လေ လူနာတစ်ခါလာမေးဖို့ကို သုံးလွှာ အထိတတ်ရသည်။ Kaiလဲ ကိုယ့်အတွေးနဲ့ကိုယ် နှာတစ်ချက်မှုတ်ရင်း ဓာတ်လှေကားထဲဝင်ကာ ဆင်းလာခဲ့သည်။ ဒုတိယ ထပ်အရောက်မှာပွင့်သွားသော ဓာတ်လှေကားကြောင့် အပြင်ကို တစ်ချက်လှမ်းကြည့်မိတော့ လူနာစောင့် ခုံတန်းရှည်ပေါ်တွင်ထိုင်နေသော Baekhyun ကိုတွေ့လိုက်ရသည်။ ထို့ကြောင့် Kai လဲ ကားပါကင်ကို မသွားတော့ပဲ Baekhyun ရှိရာသို့ ဦးတည်၍သွားလိုက်သည်။

"Baekhyun..."

"ဟေ့ Baekhyun.. Baekhyun"

"ဟင်..kai မင်းကဒီကိုဘယ်လိုလုပ် ပြီးရောက်နေတာလဲ"

ကိုယ့်ကိုမြင်တော့ အံသြ သွားတဲ့သူငယ်ချင်းဖြစ်သူကြောင့် မျက်မှောင်တစ်ချက် ကုပ်မိသည်။ ထိုင်ခုံတွင်ထိုင်နေသော Baekhyun က လက်နှစ်ဖက်ကို ပွတ်ကာ Kai မျက်နှာကို သေချာပြင်မကြည့်။ ခေါင်းငုပ်လျှက် နားရွက်လေးတွေ ရဲနေသေးသည်။ ဒီလောက်ဆို Kai တစ်ယောက်သိလိုက်ပါပြီ Baekhyun မဟုတ်တာ တစ်ခုခု လုပ်ထားပြီ ဆိုတာကို။ ငယ်ငယ်ထဲက အကျင့်က အခုထိ မပျောက်နိုင်။ တစ်ခြားသူတွေ မသိနိုင်တဲ့ အကျင့်လေးဆိုပေမဲ့ ဟိုးငယ်ငယ်ထဲက အရိပ်တကြည့်ကြည့် ပေါင်းသင်းလာတဲ့ Kai က Baekhyun နဲနဲလေး မူမ မှန်တာနဲ့ တန်းသိသည်။

💔Masochism💔(Completed) Where stories live. Discover now