Arc 6.3 (တင်ပါးကိုအရိုက်ခံလိုက်ရသော ရှောင်ဟန်)

10K 1.3K 72
                                    

Zawgyi

စုယန်တစ်ယောက် ဒေါသထွက်၍ မျက်နှာတစ်ခုလုံးနီရဲနေသည်။ မူလတန်းကျောင်းအုပ်က ရှောင်ဟန် ရန်ဖြစ်သည့်အတွက် စုယန်အားခေါ်တွေ့တာကြောင့် စုယန်စိတ်တိုနေတာဖြစ်၏။
စုယန်ဘေးတွင် ကလေးလေးရှောင်ဟန်က ကျောင်းအုပ်ကိုတစ်လှည့် စုယန်ကိုတစ်လှည့်ကြည့်နေကာ လက်သေးသေးလေးဖြင့်သူ့၏ ရွံတွေပေနေသောကျောင်းအကျီကို ဆုပ်ချေနေသည်။

" အဲ့တော့ ကျွန်တော်တို့ရှောင်ဟန်က အန်တီ့သားကိုမတရားအနိုင်ကျင့်တယ်ပေါ့? ရှောင်ဟန်က ရန်စတတ်တဲ့ကလေးမျိုးမဟုတ်ဘူး...သူ့ကိုလာမထိသ၍အန်တီ့သား အရိုက်ခံရမှာမဟုတ်ဘူး မဟုတ်တာပြောနေတာအန်တီ့သားလေ "

" ငါမင်းနဲ့မပြောချင်ဘူး မင်းတို့အုပ်ထိန်းသူတွေကိုသာခေါ်လိုက် ငါ့သားရဲ့မျက်နှာမှာဒဏ်ရာတွေမမြင်ဘူးလား...မင်းတို့ဆီကလျော်ကြေးနဲ့ တောင်းပန်စာကိုလိုချင်တယ်...မဟုတ်ရင်ဒီကလေးကိုကျောင်းနားခိုင်းမယ် "

ဒီဘွားတော်ကြီးကတော့! စုယန်မှာ ဒေါသဖြစ်နေပြီဖြစ်ရာ အရှေ့ကသားအမိနှစ်ယောက်ကို စက္ကူစလိုလုံးချေပြီးလွှင့်ပစ်ချင်လာသည်။

" ကျောင်းအုပ်က အန်တီ့အမျိုးမို့လို့လား? ကျွန်တော်တို့ရှောင်ဟန်ကိုသေချာအောင်မေးကြည့်မယ် ဘယ်သူ့စကားကယုတ္တိရှိလဲနားထောင်ကြည့်တာပေါ့....ရှောင်ဟန် ကိုကို့ကို အကုန်ပြောပြ "

ကလေးလေးရှောင်ဟန်က စုယန်၏လက်သန်းကို သူ့လက်လေးနှင့်ဆုပ်ထားပြီး တစ်ခုချင်းစီကိုဖြည်းဖြည်းချင်းပြောပြ၏။
နားထောင်လေလေစုယန်က ပိုပြီးအေးစက်လာလေဖြစ်ပြီး ခြိမ်းခြောက်သည့်ပုံစံပေါ်လာလေသည်။ ကျောင်းအုပ်က စုယန်၏စိတ်အခြေအနေကြောင့်ချွေးပြန်လာသည်။

" ဝမ်ဝမ်နဲ့အိမ်စာလုပ်နေတာကို သူကရှောင်ဟန့်ကိုမွေးစားသားလို့ခေါ်တယ် ပြီးတော့ရှောင်ဟန့်ကို ရေနဲ့လောင်းချတာ ၊ ပြီးတော့ ကိုကိုကရှောင်ဟန့်ကို တကယ်မချစ်ဘူးလို့ပြောတယ်..."

" ရှောင်ဟန်မလွန်ဘူး ကိုကိုစုယန်...ဒီကောင်ကအရင်ရန်လာစတာ တစ်ခြားကလေးတွေလည်းမြင်တယ် သားသူတို့ကိုခေါ်လာခဲ့တယ်ရော် "

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Where stories live. Discover now