Demon God's Spouse (5) ( အသွင်ပြောင်းကြောင်မျိုးနွယ်စုများ )

5.3K 606 13
                                    

Zawgyi

ခေါင်းပေါင်းအဖြူလေးကို ပေါင်းကာ စိုက်ခင်းထဲတွင်ဆောင့်ကြောင့်ထိုင်နေသောထျန်းအာသည် အားကြိုးမာန်တတ် မုန်လာဥများကိုဆွဲနှုတ်နေ၏။ ထျန်းအာရဲ့မုန်လာခင်းက ဖြစ်ထွန်းတာကြောင့် နတ်သူငယ်လေးတွေက သဘောကျကြသည်။ မုန်လာဥသည် စွမ်းအင်စက်ဝန်းနှင့် စွမ်းအားဖြည့်တင်းပေးနိုင်သော အာနိသင်များပါဝင်သည်။ ထျန်းအာက ကျန်တဲ့ညီအကိုနှစ်ယောက်နှင့်မတူပဲ ကွဲထွက်နေ၏။

သလင်းကျောက်သဖွယ်မျက်ဝန်းများမှာ ကြည်လင်နေပြီး ရဲစိုသောနှုတ်ခမ်းပြည့်ပြည့်ကလေးများသည် ထျန်းအာတစ်ဦးတည်း၏ပိုင်ဆိုင်မှု။ နေပူထဲအမြဲထွက်နေရ၍ ထျန်းအာအသားလေးကတော့ နည်းနည်းညိုသည်။ မုန်လာဥများမှာ ကြီးထွားလွန်း၍ ထျန်းအားဆွဲနှုတ်တော့ပါမလာ။ နည်းနည်းစိတ်ဆိုးလာ၍ မြေကြီးထဲထိ လက်နှိုက်ကာ အမြစ်ပါမကျန်ဆွဲနှုတ်ပစ်လိုက်၏။

" စိတ်ရှည်ရှည်ထား ထျန်းအာ ဘာလို့အတင်းဆွဲနှုတ်ရတာလဲ ထျန်းအာ လက်တွေမနာဘူးလား ကိုကိုးကိုပြ "

ထျန်းအာကို သိမ်းဖက်လိုက်သူကြောင့် ထျန်းအာ မှင်သေသေဖြစ်သွားသည်။ အနောက်ကလူက ထျန်းအာရဲ့ လက်ဖဝါးတွေကို ဖြန့်လို့ကြည့်နေ၏။ ထျန်းအာက နတ်မိစ္ဆာလေ ၊ ထိခိုက်နာကျင်ရင်တောင် ခန္တာကိုယ်က ပြန်လည်ကုသနိုင်စွမ်းရှိတယ်။ ကိုကိုးက အပိုတွေသိပ်လုပ်တာ။

" ဖယ် မနာဘူး ကိုကိုးနဲ့ ထျန်းအာ သိလို့လား "

" စိတ်ဆိုးနေတာလား "

" စိတ်ဆိုးစရာဘာအကြောင်းများရှိနေလို့လဲ ၊ ထျန်းအာက စိတ်ဆိုးဖို့ မဝံ့ရဲပါဘူး "

" ကိုကိုးကို အခုရွဲ့နေတာလား ထျန်းအာ ၊ ကိုယ်က ထျန်းအာကို ညီလေးလိုချစ်တာလေ အခုထျန်းအာက ကိုယ့်ကို အကိုတစ်ယောက်လိုတောင်သဘောမထားတော့ဘူးလား "

" ကိုကိုးက ဘယ်တော့မှ ထျန်းအာရဲ့အကိုဖြစ်လာမှာမဟုတ်ဘူး ၊ ကျွန်တော်ပြောတယ်လေ ခင်ဗျားကိုကြိုက်တယ်လို့ ၊ ခင်ဗျားကို အကိုမတော်ချင်ဘူး လင်ပဲတော်ချင်တာ သိလား "

" ထျန်းအာ ကိုယ်တို့က "

" ညီအကိုဆို အခုဖက်ထားတာကို ချက်ချင်းလွှတ်! ကိုကိုးက လူလိမ် ညီအကိုလိုသဘောထားတယ်ဆိုရင် အဲ့နေ့က ဘာလို့လာနမ်းတာလဲ "

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Where stories live. Discover now