Arc.4.7

12.8K 1.2K 37
                                    

Zawgyi

[ဇာတ်လိုက်မရဲ့ အရံဇာတ်ကောင်အပေါ်နှစ်သက်မှု -20]

[ဇာတ်လိုက်မရဲ့ အရံဇာတ်ကောင်အပေါ်နှစ်သက်မှု -30]

အတန်းထဲမှာစာဖတ်နေရှာတဲ့ အရံဇာတ်ကောင်လေးက ဆွံ့အလွန်းလို့ ဘာစကားမှမပြောနိုင်ရှာတော့ဘူး။ သူဒီအတိုင်းလေးစာဖတ်နေရုံတင်ပါ ဘာဖြစ်လို့ဇာတ်လိုက်မရဲ့ သူ့အပေါ် အမြင်က minus တွေဆက်တိုက်ဖြစ်နေရတာလဲ။
အနီးအနားတစ်ဝိုက်မှာရှာကြည့်လိုက်တော့ မျက်နှာချင်းဆိုင်ကော်ရစ်ဒါအကျော်မှာရှိတဲ့ class ပြတင်းပေါက်ကနေ မီးဝင်းဝင်းတောက် မျက်လုံးတွေနဲ့ကြည့်နေတဲ့ဇာတ်လိုက်မကိုတွေ့လိုက်ရတယ်။

သူက ဇာတ်လိုက်မအတွက်တော့ မျက်နှာမြင်ရိုက်ချင်ပါစေ အသံကြားအော့အန်ပါစေဆိုတဲ့ဆုနဲ့ပြည့်နေသလားတော့မသိ။
တကယ်ကို ပါးစပ်အဟောင်းသားလေးဖြစ်သွားရတာ ၊ လူတစ်ယောက်က သူ့ကိုဒီလောက်မုန်းမယ်လို့မှမထင်ခဲ့ပဲ။ဇာတ်လိုက်မကို ခပ်ပါးပါးလေးသာပြုံးပြလိုက်တယ်။
ဘေးနားကကောင်မလေးတွေက ရှက်သွေးဖြာသွားပေမယ့် ဇာတ်လိုက်မအတွက်ကတော့ ထင်းခြောက်ကိုလောင်စာနဲ့ရှို့လိုက်သလိုပဲ။

ရုတ်တရက်ကြီးတိတ်ဆိတ်သွားတဲ့အတန်းအနေအထားကြောင့် ဆက်ခနဲပြန်လှည့်လိုက်မိတော့။
ဇာတ်လိုက်ကျော်လူကြီးမင်းက ပုတ်သိုးနေတဲ့မျက်နှာထားနဲ့ နှုတ်ခမ်းတစ်ဖက်ကိုရွဲ့ကျမတတ်မဲ့ထားလေတယ်။

" အမလေး! မင်း မင်းဘယ်တုန်းကရောက်နေတာလဲ လန့်သေတော့မှာပဲ "

" မင်း တစ်ဖက်အခန်းကိုလှမ်းကြည့်ပြီး အီစီကလီရိုက်နေတည်းကလေ တော်တော်အူမြူးနေပုံပဲ သူစိမ်းမိန်းခလေးကိုတောင်ပြုံးပြတယ်ဆိုတော့ "

ကြည့်ရတာ အာဏာရှင်ကြီးက တစ်ဖက်ခန်းမှာ သူ့ရည်းစားဟောင်းလေးတတ်နေတာမသိသေးပုံ။

" မင်းအဆက်ဟောင်းလေးကိုသွားမတွေ့တော့ဘူးလား..."

အာဏာ့ မျက်နှာကြီး မဲ့သွားလေတယ်။ သူက သူ့အချစ်လေးအနားတိုးသွားပြီး ကိုယ်လုံးလေးကိုလက်မောင်းကြားဆွဲထည့်တော့မယ့်အချိန်မှာ အချစ်လေးကရှောင်လိုက်ပြီး ခေါင်းကိုတွန်းလိုက်တော့ သူ့နှလုံးသားလေးခမျာကူကယ်ရာမဲ့သွားလေတယ်။
အချစ်ကလေးက ဟောက်လိုက်တာနဲ့ နားရွက်တွေကုပ်သွားရော။

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Tahanan ng mga kuwento. Tumuklas ngayon