Demon God's Spouse (13) (ဦးရီးတော်က ကိုယ်တော့်အပိုင်)

3.6K 340 17
                                    

Zawgyi 

ကြင်ယာတော်၏ အဆောင်ရှေ့တွင် ဒူးထောက်ကာတောင်းပန်နေသည်မှာ 36 ရက် ရှိလေပြီ။ မစားမသောက် ၊ မလှုပ်မယှက်နှင့် ဒူးထောက်မြဲ ဒူးထောက်နေသူသည် တော်ဝင်နယ်မြေတစ်ခုလုံးအား အပိုင်စားရသည့် အရှင်သခင်ဖြစ်၏။ နတ်သူငယ်လေးများက အစပိုင်းတွင် အရှင့်သားငယ်လေးဘက်က ပါသော်လည်း 36 ရက်မြောက်နေ့ရောက်လာသောအခါတွင်တော့ တော်ဝင်နယ်မြေ၏ အရှင်သခင်ကိုသာ သနားလာကြပါသည်။

" အရှင့်သားငယ်လေးက ရက်စက်လိုက်တာ ဘာကြောင့်များ စိတ်မာနိုင်ရတာလဲ "

" မင်း အစတုန်းကပြောတော့ အရှင့်သားငယ်လေး လုပ်တာမှန်တယ်ဆို "

" ငါပြောခဲ့ပေမယ့် ဒီလောက်ကြီးကတော့ လွန်လွန်းပါတယ် ငါတို့နတ်သူငယ်တွေတောင် နေရောင်ထဲ ကြာကြာထွက်ရင် စွမ်းအင်တွေလျော့သေးတာပဲ တော်ဝင်အရှင်ကိုပဲကြည့်လေ အခုရက်ပိုင်းတွေ အရမ်းဖြူဖျော့လာတယ် အဲ့ဒါ သူစွမ်းအင်တွေလျော့လာတဲ့အဓိပ္ပါယ်ပဲ "

" ဘယ်လိုလုပ်ကြမလဲ "

" သွားပြီး ဖြောင်းဖျရအောင် "

" လက်မခံရင်ဘယ်လိုလုပ်မလဲ "

" အဲ့ဒါ တော်ဝင်အရှင်သခင်ရဲ့ ဆုံးဖြတ်ချက်ပါ ငါတို့ကတော့ မတရားတာကို ရပ်မကြည့်နိုင်တော့ဘူး "

" အဟွန်း..."

" အ အရှင် ကျွန်တော်မျိုး အရိုအသေပြုပါတယ် "

နတ်သူငယ်လေးများမှာ အရှင်ယွီယင်း၏ ကြင်ယာတော်ကိုမြင်သည်နှင့် လန့်ဖြန့်သွားကြသည်။

" အင်း ထျန်းအာ အခန်းထဲက အပြင်ထွက်မလာသေးဘူးလား "

" မှန်လှပါ အရှင် အရှင့်သားငယ်လေးက စားတော်ပွဲဆက်တာလည်း လက်မခံသလို အပြင်လည်းကြွချီတော် "

" ကဲ ကဲ ရပါပြီ ပုံမှန်ပြောကြပါ "

ဟုန်အာ သက်ပြင်းရှည်ကြီးချမိသည်။ ထီးသုံးနန်းသုံးတွေ သိပ်ပြောတာပဲ ဒီမှာက 21 ရာစုကနေလာပါတယ်ဆိုမှ သူတို့ပြောတာနားထောင်တာနဲ့တင် စိတ်တွေရှုပ်နေပြီ။

" သမက်ဖန်း ထတော့ ထျန်းအာ ထွက်လာမှာမဟုတ်ဘူး မောင်မင်းရဲ့စစ်သူကြီးက မင်းကိုပြန်လွှတ်ပေးဖို့ ခဏခဏစာလွှာတွေပို့နေတယ် ဟိုမှာ အုပ်ချုပ်မယ့်အရှင်မရှိလို့ တိုင်းပြည်ရေးက မတည်မငြိမ်ဖြစ်နေတာကို မောင်မင်းက ဒီမှာပဲ ဆက်ပြီးဒူးထောက်နေမလို့လား "

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Onde histórias criam vida. Descubra agora