Zawgyi
" အကိုကြီး အရှေ့မှာကောင်လေးတစ်ယောက်ရောက်နေတယ် ၊ အကိုကြီးရဲ့မိတ်ဆွေမို့ အထဲဝင်ခွင့်ပြုပါတဲ့ ၊ နိုရာလို့ပြောပါတယ် "
" ဟမ် နိုရာလား "
မိုက်ကယ် မျက်မှောင်ကြုတ်လိုက်မိပြီး ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်သည်။ အဖြူရောင်တီရှပ်လက်ရှည်တစ်ထည်နှင့် စတိုင်ပန့်အနက်ကိုတွဲဖက်ဝတ်ဆင်ထားပြီး ခါးအထိရှည်တဲ့ဆံပင်တွေကို စည်းနှောင်ထားသည့် အဖြူရောင်ပုံရိပ်လေး။ သူ့ဘေးမှာ လူတစ်ယောက်ပါသေးသည်။
" အထဲခေါ်လာလိုက်ပါ "
" ဟုတ်ကဲ့ "
မိုက်ကယ် ဧည့်ခန်းထဲမှာထိုင်စောင့်နေလိုက်သည်။ အမေရိကအထိရောက်လာတာ ဟုတ်ပါပြီ။ သူဒီမှာရှိနေတယ်ဆိုတာကို နိုရာက ဘယ်လိုသိတာလဲ။
" မိုက်ကယ် ခင်ဗျားကိုလွမ်းနေတာ "
နိုရာက သူ့ကိုတွေ့တော့ ပြုံးရွှင်သွားသည်။ နိုရာ့ကို မိန်းခလေးအဝတ်အစားနှင့်မတွေ့ရပဲ ယောကျာ်းဆန်ဆန်အဝတ်အစားနှင့်တွေ့ရတာ ဒါပထမဆုံးဖြစ်သည်။ မိုက်ကယ့် necktieကို ဆွဲကာ မိုက်ကယ့်နှုတ်ခမ်းကိုဖျက်ခနဲမော့နမ်းလာသည်။
" ကိုယ်ဒီမှာရှိတာ မင်းဘယ်လိုသိလဲ? ကိုယ့်နောက်လူတွေလွှတ်ထားတာလား နိုရာ "
" ဟုတ်တယ် ခင်ဗျားကျွန်တော့်ကို ခေါ်မသွားလို့ စိတ်ဆိုးတာ "
" ကိုယ်ကိစ္စလေးနည်းနည်းရှိလို့ မင်းကိုမခေါ်သွားတာ ၊ မင်းပုံစံက ကိုယ့်အတွက် အမြင်ဆန်းနေတယ် "
" ဝတ်စုံကြောင့်လား "
" အင်း ဒါပေမယ့် မင်းနဲ့လိုက်တယ် ၊ မင်းကဘာဝတ်ဝတ်လိုက်တယ်လေ "
" ကျွန်တော် ခင်ဗျားအတွက် မိန်းခလေးလိုဝတ်တာကိုစွန့်လွှတ်လိုက်ပြီ ၊ ကျွန်တော်ဟာ ယောကျာ်းလေးတစ်ယောက်အဖြစ်မွေးဖွားလာခဲ့ပြီး ယောကျာ်းလေးတစ်ယောက်ကိုချစ်မိခဲ့တာကြောင့် ကျွန်တော့်ကိုယ်ကျွန်တော်စိတ်မပျက်မိဘူး ၊ အများအမြင်မှာ ခင်ဗျားအနားမှာရှိနေတဲ့သူက မိန်းခလေးလိုဝတ်ရတာကြိုက်တဲ့ ယောကျာ်းတစ်ယောက်မှန်းသိရင် ခင်ဗျားအပြောခံရမှာစိုးလို့ပါ "
YOU ARE READING
ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)
RomanceTranslation လုံးဝမဟုတ်ပါ။ ဇာတ်လမ်းအကျဉ်း~~~~~ " System ဇာတ်လိုက်က ငါ့နောက် ဘာကြောင့်လိုက်နေတာလဲ" [Hostကို ချစ်လို့နေမှာပေါ့] "ငါသတ်လို့ရလား" [ဇာတ်လိုက်ကလွဲရင် ဇာတ်လိုက်မနဲ့တစ်ခြားလူတွေကို သတ်ခွင့်ရှိပါတယ် ၊ ဒါပေမယ့် အပြစ်မဲ့တဲ့သူကိုသတ်မိရင် အပြစ်ပေ...