Demon God's Spouse (2)

6.5K 726 67
                                    

Zawgyi

ရှောင်ချင်းဝမ်၏ ပြစ်ဒဏ်ခံယူသည့်နှစ်များက သိသိသာသာကုန်လွန်သွားခဲ့ပြီဖြစ်သည်။ အဖြူရောင်ပုံရိပ်ငယ်လေးက တုန်ရီနေပြီး မြောက်ပိုင်းအရပ်ကိုစေလွှတ်ဖို့အတွက် ဟုန်ရန်ကို လာခွင့်တောင်း၏။ ဟုန်ရန်သည်လည်း ရှင်းရှ၏ကြောက်လန့်နေမှုကိုကြည့်ပြီး စိတ်ပင်ပန်းရသည်။ ရှောင်ချင်းဝမ်က ဘယ်လောက်တောင်နှိပ်စက်ထားလို့ နာမည်ကြားတာနဲ့ကြောက်နေရတာလဲ။

" ကျွန်တော်မျိုး မြောက်ပိုင်းနယ်စပ်မှာတာဝန်ထမ်းဆောင်ချင်ပါတယ်အရှင် ခွင့်ပြုပေးပါ ၊ မိစ္ဆာတွေက ရွာအစပ်ကလူတွေကို သတ်ပြီးမြို့တော်ထဲရောက်ပါတော့မယ် "

" ကိုယ်တော် ကိုယ်တော်ကတော့ အရှင်ယွီယင်းကိုခွင့်တောင်းစေချင်တယ်ရှင်းရှ ၊ ကိုယ်တော်သူနဲ့တိုင်ပင်ပြီးမှ ဒီကိစ္စကို အဆုံးအဖြတ်ပေးချင်တယ် "

" ဟုတ်ကဲ့ ရှင်းရှနာခံပါ့မယ် "

ရှင်းရှအားလျော့သွားပေမယ့် ကြင်ယာတော်က သူ့အားကူညီပေးမည်ဟု ယုံကြည်မိသည်။ ကြင်ယာတော်၏နန်းဆောင်မှထွက်ပြီးနောက် ရှင်းရှ စိုက်ခင်းအလွန်က အိမ်ပုလေးဆီသို့ပြန်သွားသည်။ ရှင်းရှပြန်သွားတော့ ဟုန်ရန်လည်း ယွီယင်း၏အိပ်ဆောင်ကိုအမြန်ပြေးသွားလိုက်၏။

" အမလေး ပြုတ်ကျကုန်ပြီ "

" ကြင်ယာတော် မသင့်တော်ကြောင်းပါ "

" ဟယ် "

ကြင်ယာတော်သည် ရှည်လျားသောဝတ်ရုံကိုခြေသလုံးရောက်သည်အထိမကာ ခုန်ပျံကျော်လွှားနေ၏။ မြင်ကွင်းကရယ်စရာကောင်းပေမယ့် ဘယ်သူမှမရယ်နိုင်ကြ။ ကြင်ယာတော် တိုက်သွား၍ နတ်သူငယ်လေးများသယ်လာသော ခန်းဝင်ပစ္စည်းများသည် တောင်စောင်းမှတစ်ဆင့်လိမ့်ကျကုန်၍ အားလုံးအပြေးအလွှားလိုက်ကောက်နေရသည်။

လွန်ခဲ့တဲ့အမွှေးတိုင်တစ်တိုင်စာက ကြင်ယာတော်ကိုနူးညံ့ပြီးသိမ်မွေ့တယ်ဆိုပြီး မင်္ဂလာပွဲတတ်တဲ့ဧည့်သည်တွေကတောင်ချီးကျူးနေကြသေးတာ။ အခုကြင်ယာတော်က သူတို့ခေါင်းပေါ်ကကျော်သွားတာ လွှားခနဲပဲ။

ကြင်ယာတော့်ခြေထောက်မှာ ခြေသလုံးမွှေးတွေတောင်တွေ့လိုက်သေးတယ်။ နောက်နေ့တွေ ရေချိုးဆောင်ဝင်ရင် ကြင်ယာတော့်ကို အမွှေးရိတ်ပေးမှဖြစ်မည်ဟု အထိန်းတော်နတ်သူငယ်ကြီးတွေးလိုက်မိသည်။

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Where stories live. Discover now