Arc 3.1

18.8K 2.1K 23
                                    

Zawgyi

နတ်အရာရှိတစ်ချို့က ကြိတ်ပြုံးနေကြပြီး " ခံဟ မှတ်ဟ " ဆိုတဲ့ပုံစံတွေနှင့် သူ့အားမသိမသာကြည့်နေကြ၏။
တောင်နန်းဆောင်စစ်နတ်ဘုရား ရှစ်ကျင့်ကသူ့ဝတ်ရုံကိုခါလိုက်ကာ မျက်နှာချင်းဆိုင်တွင် ရပ်တန့်လာသည်။
လူတစ်ချို့က သူတို့ကိုစူးစိုက်ကြည့်နေရင် နေရခက်ကာ အကြည့်လွှဲကောင်းလွှဲလိမ့်မယ် ၊ သို့သော် အခုလျို့ဟုန်ရန်ရဲ့ ခန္တာကိုယ်ထဲက ဖန်ဟုန်စဲ့က မျက်နှာသေဖြင့်ပြန်စိုက်ကြည့်လိုက်သည်။

နတ်ဘုရားဆိုသည့်အတိုင်းပင် နှစ်ပေါင်းရာချီ အသက်ရှည်နေကြသည့်တိုင် ရုပ်ရည်ကားနုပျိုလျက်ရှိလေသည်။ အမှန်စစ်စစ်တော့ တောင်နန်းဆောင်စစ်နတ်ဘုရားကလည်း အဘိုးကြီးသာသာပါပဲ။

" ကျွန်တော်ဘာများ အပြစ်လုပ်မိလို့လဲ "

" ဟုန်အာ..."

အလှလေးကမပြောရန်တားနေသည့်ဟန်ဖြင့် မျက်ခုံးလေးတွန့်ကွေးပြသည်။
သို့်သော် သူကမသိကျိုးကျွံပြုလေလေ တောင်နန်းဆောင်စစ်နတ်ဘုရားရဲ့ ဒေါသကိုမီးမြိုက်သလိုဖြစ်နေလေသည်။ မျက်နှာကြီးသည် ပေါက်ကွဲတော့မည့်ဗုံးတစ်လုံးလို ဖြစ်နေကာ နတ်အရာရှိတွေနောက်သို့ယို့ကုန်သည်။

" အဟမ်း...ရှစ်ကျင့်နန်းဆောင်က အမျက်လျော့ပါ ၊ ပြီးရင် ညီလာခံစကြတာပေါ့ ဟုန်ရန်ရဲ့အမှုကိုလည်း ဖြေရှင်းပေးမှာပါ "

အရှေ့အရပ်စစ်နတ်ဘုရား လျန်က အသာချောင်းဟန့်ကာ တားသည်။
ထိုအခါ ရှစ်ကျင့်က ဟွန့်ခနဲ နှာမှုတ်ကာ သူ့နေရာမှာသူဝင်ထိုင်သည်။

" မင်းအဆင်ပြေရဲ့လား ဟုန်အာ....အရမ်းစိတ်လိုက်မာန်ပါမလုပ်နဲ့နော် အမျက်တော်ရှရင်မလွယ်ဘူးကွ "

" အင်း စိတ်မပူပါနဲ့ "

အလှလေးဘက်လှည့်ကာ ပြုံးပြလိုက်တော့ မျက်လုံးတွေဝိုင်းသွားတာမြင်ရသည်။
အထူးအဆန်းတစ်ခုလို ကြည့်နေကြတဲ့ နတ်အရာရှိများကိုပါတဆက်ထဲတွေ့လိုက်ရတာမို့ စိတ်ရှုပ်လာသည်။
သူတို့ပုံစံတွေကြည့်ရတာ တောသားမြို့တတ်လေးတွေကြနေတာပဲ နတ်ဘုရားတစ်ပါးပြုံးတာကိုမမြင်ဖူးကြတာလား။

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Donde viven las historias. Descúbrelo ahora