Zawgyi
အဖြူရောင်နယ်မြေအတွင်းသို့ ပြန်ရောက်လာပြီးနောက် နယ်မြေကနည်းနည်းထူးဆန်းနေတာကိုသတိပြုလိုက်မိသည်။ အပင်တွေပေါ်မှာ ဘာလို့ ဟီလီယမ် ပူဖောင်းတွေရှိနေရတာလဲ။ ဟုန်အာ သစ်ပင်တွေပေါ်က ပူဖောင်းတွေကို လိုက်ကြည့်နေရင်း ကြောင်လေးတစ်ကောင်လက်ပေါ်ခုန်တတ်လာသည်။
[ Mission တွေပြီးဆုံးသွားလို့ ဂုဏ်ယူပါတယ် host ]
" ပါပါး ပြန်လာတာဝမ်းသာပါတယ် "
ဟုန်အာက Lianအနောက်က သားကြီးရှောင်လုံကျင်းကို ပွေ့ဖက်လိုက်သည်။ ကျန်တဲ့ကလေးနှစ်ယောက်ကိုတော့ ဟုန်အာမတွေ့ရသေးပေ။ သားအလတ်ရှောင်ချင်းဝမ်က သူ့ကိုစိတ်ဆိုးနေမည်ထင်သည်။ ဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူကို ရိုက်လိုက်မိတာသည် သူ့အားစိတ်မကောင်းဖြစ်စေ၏။
" ဟုန်အာ ဘာဖြစ်တာလဲ "
ဟုန်အာ ခေါင်းယမ်းလိုက်သည်။ ဦးကိုအခုထိ သားနဲ့ရှင်းရှအကြောင်းပြောမပြရသေးပေ။ ပြောလိုက်ရင် အတိုက်အခံတွေဖြစ်လာနိုင်သည်။
" ဝိဉာဏ်စုဆောင်းတဲ့ပုလင်းကပြည့်သွားပြီလား lian "
[ ပြည့်သွားပါပြီhost , ဒီမှာပါ ]
ဖန်ပုလင်းတစ်ခုထဲတွင် ဝိဉာဏ်အမြုတေများစွာရှိနေ၏။ ဒီလောက်ဆို သူတာဝန်ထမ်းဆောင်စရာမလိုတော့ဘူးမလား။ ဒါပေမယ့် ဘာလို့ဝမ်းနည်းသလိုခံစားနေရတာလဲ။
" ငါတာဝန်ထမ်းဆောင်ပြီးသွားရင် မင်းကရော lian "
[ ကျွန်တော်က systemလေ host ကျွန်တော့်ရဲ့တာဝန်က ချိတ်ဆက်ထားတဲ့ hostတွေကို ကြီးကြပ်ပေးဖို့ပဲ ၊ host တာဝန်ပြီးမြောက်တော့ ကျွန်တော်က နောက်ထပ် hostကို ကြီးကြပ်စရာမလိုတော့ဘူး]
" ငါမင်းကိုသတိရနေတော့မှာပဲ "
[ lianက hostနဲ့အတူရှိနေဦးမှာပါ ၊ တာဝန်ပြီးဆုံးပေမယ့် hostလိုအပ်ရင်ခေါ်လိုက် ၊ lian ရောက်လာမှာ]
" မင်းတစ်ခါပြောဖူးတယ်နော် systemအဖြစ်တာဝန်ထမ်းဆောင်သူတွေက အရင်ဘဝက လူတွေပဲဆို ၊ မင်းရော ပုံမှန်အတိုင်းပြန်မဖြစ်နိုင်ဘူးလား "
DU LIEST GERADE
ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)
RomantikTranslation လုံးဝမဟုတ်ပါ။ ဇာတ်လမ်းအကျဉ်း~~~~~ " System ဇာတ်လိုက်က ငါ့နောက် ဘာကြောင့်လိုက်နေတာလဲ" [Hostကို ချစ်လို့နေမှာပေါ့] "ငါသတ်လို့ရလား" [ဇာတ်လိုက်ကလွဲရင် ဇာတ်လိုက်မနဲ့တစ်ခြားလူတွေကို သတ်ခွင့်ရှိပါတယ် ၊ ဒါပေမယ့် အပြစ်မဲ့တဲ့သူကိုသတ်မိရင် အပြစ်ပေ...