Arc 6.6 ( စုယန် Canadaကိုထွက်ခွာခြင်း)

9.1K 1.2K 59
                                    

Zawgyi

စုယန်နှင့်ရှောင်ဟန်ကိုကြည့်သည့်အကြည့်များသည် အခုတော့အထင်ကြီးလေးစားသည့်အကြည့်များအဖြစ်ပြောင်းလဲသွားသည်။
ဒုတိယအိမ်တော်က စုလင်းနှင့် ကျန်းယုက ကလေးနှစ်ယောက်ကို ခေါ်ပြီး စုဖေဖေကိုဂုဏ်ပြုပေးရန်လာသည်။ စုလင်းက စုယွီနဲ့စုရှောင်၏အမေဖြစ်ပြီး စုဖေဖေ၏ညီမဝမ်းကွဲဖြစ်သည်။ ကျန်းယုကတော့အမျိုးမတော်စပ်သေးပေမယ့် ဒုတိယအိမ်တော်မှ စုသခင်ကြီး၏ အငယ်အနှောင်းဖြစ်ဖို့များသည်။

" စုအကိုကြီးကို ဂုဏ်ပြုပါတယ်နော်...အရမ်းတော်တဲ့သားတွေနဲ့အရမ်းလှတဲ့မိန်းမကိုရထားတာပဲ "

ကျန်းယုက တင့်တယ်လှပသော စုမေမေကိုကြည့်ကာမနာလိုစိတ်လှိုင်နေ၏။ တကယ်လို့သူသာ စုအကိုကြီးကိုရခဲ့ရင်ဒီမိန်းမနေရာမှာ သူဖြစ်နေရမှာ။
စုမေမေကတော့အလိုက်သင့်လေးသာနေနေပြီး စုဖေဖေ၏တွဲဖက်ကောင်းနေရာတွင်ရှိနေ၏။ စုမေမေက အမျိုးသားဖြစ်သူက ကျန်းယုကိုသဘောမကျမှန်းသိ၍

" ညီမကျန်းယုက မြှောက်နေပြန်ပါပြီ တကယ်ဆိုညီမကပိုတောင်လှပါသေးတယ် "

ကျန်းယုကရယ်လိုက်ပြီး စုအကိုကြီးသူ့ကိုကြည့်လာမလားအကဲခတ်သည်။ စုဖေဖေကတော့ မိန်းမဖြစ်သူကိုသာအရိပ်တကြည့်ကြည့်ရှိနေပြီး ကျန်းယုကိုအာရုံစိုက်ခြင်းမရှိပေ။

(စုဖေဖေ be like - I don't give a shit! )

ကျန်းယုက မနာလိုမှုကြောင့်မျက်နှာရဲသွား၏။ စုလင်းကကျန်းယုရှေ့ပိတ်ရပ်လိုက်ပြီး သက်တောင့်သက်သာဖြစ်မည့်စကားကိုပြောသည်။
စုလင်းက ပထမအိမ်တော်ကိုအငြိုးထားရင်တောင် လူမှုဆက်ဆံရေးကောင်းပြီး စကားပြောပြေပြစ်တဲ့သူဖြစ်တာကြောင့် တစ်ချို့အသိဉာဏ်မရှိတဲ့ ကျန်းယုလိုဟာမျိုးထက်တော့ သာပါသေးတယ်။

" မေမေစု "

စုယန်နှင့်ရှောင်ဟန်က စုမေမေတို့နားကိုရောက်လာကြသည်။ ရှောင်ဟန်ကလူများသည့်နေရာတွေကိုမကြိုက်၍ စိတ်အနှောက်အယှက်ဖြစ်နေတာကြောင့် စုယန်အနားပဲကပ်နေသည်။
စုယန်ကတောက်တဲ့အသေးစားလေးရဲ့ ကပ်တွယ်မှုကြောင့် နေရခက်နေကာရှောင်ဟန်ကို စုမေမေဆီ အကြင်နာကင်းမဲ့စွာတွန်းပို့တော့ ကောင်လေးရှောင်ဟန်က မျက်နှာမဲ့သွားသည်။

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Donde viven las historias. Descúbrelo ahora