Arc 7.1 (ယုရွှမ်၏အခန်းထဲမှ ဝက်ကလေး)

9.5K 1.2K 83
                                    

Zawgyi

Read at your own risk! If you are under 18 or Whatever, press the exit button.

လော့ရန် အစားတွေစားပြီးအိပ်ပျော်သွားလိုက်တာ သူ့အခန်းထဲလူဝင်လာမှန်းတောင်မသိ။ ခန္တာကိုယ်ကသေးကွေးနေတာကြောင့်အာဟာရပြည့်ရန်သူစားရသည်။ ဟိုလူကြီးကလည်းအသားတိုးဝက်မွေးသလိုအတင်းတွေကျွေးနေတာကြောင့်လည်း ပါ၏။
လော့ရန်၏စူဇကာဗိုက်သည်လည်းဖောင်းကစ်နေကာ အလေးချိန်တတ်လာသည်။ နှစ်ပတ်ရှိနေပြီဆိုတော့ဗိုက်ကလေးကလည်းစူချင်သလိုလိုလေး။ နှစ်ပတ်လုံးသူအခန်းထဲမှာပဲနေပြီး စားသည် TVကြည့်သည်။ အပြင်လည်းမထွက်ဖြစ် ၊ အဓိကမထွက်တဲ့အကြောင်းအရင်းက ဒီလိုနေရာမျိုးမှာ ဖြစ်သလိုနေလို့မရ၍ဖြစ်သည်။

ယုရွှမ်ကောင်လေး၏အခန်းထဲဝင်လာတော့ ဒင်းကကွေးကွေးလေးအိပ်ပျော်နေသည်။ ကောင်လေးအခန်းမှာ mini camera လေးတွေတပ်ထားတာကြောင့် ကောင်လေး၏အခြေအနေကိုသူကြည့်လို့ရသည်။ ဝက်ကလေးကတစ်ချိန်လုံးစားနေကာ သူနေချင်သလိုဂျွမ်းပြန်မှောက်ခုံတွေနေနေ၍လည်း စိတ်ပူရသည်။ မျောက်တစ်ကောင်ခေါ်မွေးမိသလိုပင်။ ယုရွှမ်မှာလည်းအလုပ်တွေရှိသေးသည်။ ကောင်လေးကိုစောင့်ကြည့်ရုံလောက်သာ ဂရုစိုက်နိုင်သည်။ စီးပွားရေးသမားဖြစ်တာကြောင့် အတိုက်အခိုက်များ၍ ကောင်လေးအိမ်အပြင်မထွက်တာကိုပဲ တိတ်တဆိတ်ချီးကျူးမိ၏။

" မင်းတော်တော်စားနိုင်သောက်နိုင်တဲ့ကောင်လေးပဲ "

အိပ်နေသူက ပါးလေးတွေဖောင်းလာသည်၊ အသားလေးတွေလည်းပြည့်လာကာ ခေါ်လာတုန်းကလိုပိန်ပိန်သေးသေးလေးမဟုတ်တော့စိတ်ချမ်းသာရသည်။ ခါးအောက်မှလက်လျှိုပွေ့ချီကာမလိုက်သည်။

" အင့် "

" ကျွတ်စ် ကျွတ်စ် ဘာမှမဖြစ်ဘူး "

ကောင်လေးမနိုးစေရန် အသာအယာပွေ့ယူရင်း သူ့အခန်းဆီခေါ်သွားရန် ကောင်လေး၏အခန်းတံခါးကိုအသာပိတ်ခဲ့သည်။
ဝက်ကလေးကတစ်ချိန်လုံးစားနေ၍ ရှုပ်ပွနေတာတွေ အိမ်အကူကိုရှင်းခိုင်းရဦးမည်။ မဟုတ်ရင် ဝက်ကလေးကို ပုရွက်ဆိတ်တွေချီသွားလိမ့်မယ်။
ယုရွှမ်၏အခန်းက အနက်ရောင်များစွာဖြင့်ပြည့်နေသည်။ ယုရွှမ်ကအနက်ကိုကြိုက်နှစ်သက်၍ ခန်းဆီးလိုက်ကာများနှင့် အိပ်ယာကအစ အသုံးအဆောင်တွေအဆုံးအနက်ရောင်တွေသာ။

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Where stories live. Discover now