Arc 7.16 ( Mini Chapter 1 )

6.7K 935 23
                                    

Zawgyi

မနေ့ကအဖြစ်အပျက်များက ကျောင်းတော်၏လက်အောက်တွင်ရှိနေသော်လည်း ကြာကြာဖုံးကွယ်ထားလို့မရပေ။ မာတင့်အဖေကမြို့တော်ဝန်ဖြစ်ကာ သူ့မှာလုပ်နိုင်စွမ်းရှိ၏၊ ယုရွမ်က အမေရိကန်နိုင်ငံသားခံယူထားကာ ဒယ်နီရယ့်ကိုကာကွယ်ပေးနိုင်ပေမယ့် ၊ မာတင့်အဖေ မြို့တော်ဝန်က ယုတ်မာသည့်မြေခွေးအိုကြီးဖြစ်သည်။ သူ့သားကိုဒီလိုလုပ်သည့်အတွက် ဒယ်နီရယ့်ကို အဆုံးထိလိုက်လက်စားချေမှာဖြစ်၏။ မာတင့်အခြေအနေကလည်း သတိတောင်လည်မလာလေးသည့်အခြေအနေဖြစ်တာကြောင့် ပိုဆိုးသွားသည်။

ဒယ်နီရယ် အိပ်ယာနိုးလာတော့ ခပ်ညိုညိုအသားအရည်နဲ့လူက သူ့လက်မောင်းကြားလှဲလျောင်းနေသည်။ သူ့နောက်ကျောတွေဂုတ်တွေမှာ ညိုပုတ်ပုတ်အကွက်များကြောင့် သူအဲ့ဒီလူအပေါ်ထပ်ပြီးကျူးလွန်မိပြီဆိုတာသတိထားမိလိုက်၏။ မနေ့ညက ကလပ်မှာဆေးမိတာဟုတ်တယ် ၊ အဲ့ဒါကလည်း သူ့ဘာသာခတ်တာဖြစ်သည်။ တကယ်လို့ ဆေးမမိပဲ လုပ်ရင် အဆော်ခံရမှာကိုကြောက်၍ဖြစ်သည်။ အခုတော့ သူဒီလူ့ခန္တာကိုယ်ကို အပြည့်အဝပိုင်ဆိုင်လိုက်ရပြီဖြစ်သည်။

" ကိုယ့်အပိုင်လေး ကိုယ်ကလွဲရင် ဘယ်သူနဲ့မှ အတူအိပ်ခွင့်မပြုနိုင်ဘူး "

အိပ်နေသူ၏ ဂုတ်တွေ လည်ပင်းတွေကို ဖိနမ်းရင်း အမှတ်အသားတစ်ချို့ထပ်ပေးလိုက်သည်။ ကိုယ်ကိုလှုပ်လိုက်တော့ ကိုယ့်အရာက သူ့အထဲနစ်ဝင်နေတုန်းဖြစ်၍ သူက အင့်ခနဲဖြစ်သွား၏။ အိပ်ပျော်နေသူမနိုးအောင် အပြင်တစ်ဝက်လောက်ရောက်နေတဲ့အရာကို ပြန်ထိုးထည့်ပြီး တစ်ချက်တစ်ချက်ဆောင့်နေမိသည်။ နွေးကာတင်းကြပ်နေသေးတာကြောင့် ဒယ်နီရယ်အသက်ရှုမြန်လာသည်။ လိင်ဆက်ဆံခြင်းရဲ့ ကောင်းမွန်တဲ့အရသာဆိုတာ ဒါမျိုးကိုပြောတာနေမည်။ ဒါတစ်ခုတည်းကြောင့်နဲ့ သူ့ကိုချစ်သွားတာတော့မဟုတ်ပါ။

ဒီတိုင်း အဲ့ဒီလူသူ့ကိုရှောင်နေတာမျိုးတွေမကြိုက် ၊ အကြောင်းအရင်းမရှိပဲ ရန်မူတတ်တာကိုမကြိုက်။ တစ်ခြားသူဆီသွားရင် ရင်ထဲဟာတာဖြစ်နေရသည်။ အဲ့ဒီနေ့က သူ ဟိုကောင်စုတ်လေးနဲ့အိပ်ပြီးပြန်လာတော့ သူ့နောက်ကျောကကုပ်ရာတွေကိုတွေ့ကာ စိတ်တိုသွားသည်။ သူ့ကိုအပိုင်လိုချင်သည်။ သူ့ခန္တာကိုယ်ကို အပိုင်ယူပြီး သူငိုယိုတောင်းပန်တာကိုမြင်ချင်သည်။ အဲ့ဒီကနေ စွဲလမ်းမှုကစတော့တာပဲ။ အခုတော့ သူဒီပိုက်ကွန်ထဲကနေ ရုန်းလိုစိတ်မရှိတော့ပေ။ ဒီလူက သူ့အပိုင်။

ဇာတ်လိုက်က ငါ့ကိုလိုက်နေတယ် (System)Where stories live. Discover now