Part-2(Zawgyi & Unicode)

41.8K 1.1K 19
                                    

(Unicode)

မေမီ ဒီနေ့ဧကရီတို့နဲ့ hangout ထွက်ဖို့လုပ်ထားသည်မို့၊မေမီတစ်ယောက် ပြင်ဆင်စရာရှိတာလေးတွေကို ပြင်ဆင်နေလိုက်သည်။ရေစိုနေသည့် ဆံပင်နက်တွေကို သ‌ဘတ်နဲ့ပေါင်းထားလိုက်ရင်း ဆိုဖာမှာထိုင်ကာ မေမီ Facebook ခဏလောက်ထိုင်သုံးနေလိုက်သည်။ တစ်နေ့တစ်နေ့ကျောင်းကလူတွေကြောင့် ဒီ social media ကြီးကမရိုးသွားရပါ။ ကျောင်းကလူတွေဝိုင်း share နေကြတာတွေ့လို့ ကြည့်လိုက်တော့ရွှေရည်ထက်ဖြစ်နေသည်။ သူမကထိုပုံထဲတကယ်ကိုလှပါသည်။ တန်ဖိုးကြီးကြွေရုပ်ငယ်လေးနဲ့ကိုတူလှသည်။ ကျောင်းမှာလည်းလူ သိများသလို၊ အပေါင်းသင်းကလည်းဆံ့သည်။ ဘေးနားမှာလည်းကောင်လေးတွေမှ၀ိုင်းလို့တကယ်ကံကောင်းတဲ့မိန်းကလေးဖြစ်သည်။

*Ring Ring...*

ရုတ်တရက် ၀င်လာသည့်ဧကရီ့ဆီမှဖုန်းဖြစ်သည်။

"Hello ဦး...ပြော"

"အေး!..ကြိုက်သလိုသာခေါ်ကြတော့။ ဒါနဲ့ နင်ဘာနဲ့လာမှာလဲ ငါ၀င်ခေါ်ရမှာလား"

"၀င်ခေါ်ရင်တော့ကောင်းတာပေါ့ဟာ၊ တီငယ်လည်း မလာသေးတော့ မဟုတ်ရင်ငါ Taxi နဲ့လာနေရမှာ။"

"ဟုတ်ပါပီ။ အဲ့ဆိုငါခဏနေရောက်မယ်နော် နင်အဆင်သင့်လုပ်ထားချည်"

"Yes sir..."

ဧကရီနဲ့ထက်ဦးပိုင်က မေမီ့အတွက်တော့မရှိမဖြစ်မိသားစု၀င်လိုဖြစ်သည်။ သူတို့အပေါ်ဘယ်လောက်ဆိုးဆိုး မေမီ့ကိုဆို ညီမလေးတစ်‌ယောက်လိုကိုအမြဲအလျော့ပေးတတ် သည်။ မေမီ့မှာဒီလိုပတ်၀န်းကျင်ကောင်းလေးရှိလို့ကိုကံကောင်းနေရသည်။

မေမီနဲ့ဧကရီတို့ချိန်းထားတဲ့ restaurant ကိုရောက်နေပေမယ့် ကိုယ်တော်ချော ထက်ဦးပိုင် ကတော့မလာသေးပါ။ သူကားပိတ်နေတယ်လို့ပြောရင်မေမီတို့မှာလန့်ရသည်။ ဒါဆိုအိမ်ကမထွက်လာသေးတာလည်းဖြစ်နိုင် သည်။

"ကဲ!...မထူးဘူး မေမီ၊ငါတို့ဘဲကြိုမှာထားလိုက်မယ်။ သူလာမှသူ့ဘာသာသူမှာ‌ပါစေ"

"အဲ့တာဘဲကောင်းတယ်။"

မေမီတို့မှာနေတုန်းဘဲ သကောင့်သားလေးက ဇာတ်တိုက်ထားသလိုကိုအမြန်ရောက်ချလာတော့သည်။ ရှိုးစမောလ်အပြည့်နဲ့ကိုရောက်ချလာတာဖြစ်သည်။ ရုပ်ရည်ခန့်သန့်သန့်ကဒီနေ့မှ ထင်းထင်းလင်းလင်းနဲ့ကြည့်လို့ကောင်းနေသည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now