(Unicode)
မေမီတစ်ယောက် မြတ်ဇင်နဲ့သက်ထားစံတို့နှစ်ယောက်ကိုပတ်ပြေးနေရသည်။ သူတို့ကလည်း ရအောင်ကိုလိုက်မည်ဟုစိတ်ဆုံးဖြတ်ထားပုံရသည်။ မေမီ့ကိုသာမတွေ့တွေ့အောင်လိုက်ရှာနေသည်မှာ နှစ်ရက်တိတိရှိပြီဖြစ် သည်။ အကြောင်းမှာနှစ်ပတ်လည်ပွဲနေ့ရဲ့စီစဉ်ရေးအဖွဲ့မှာ မေမီ့ကိုအတွင်းရေးမှူးလုပ်စေချင်သောကြောင့်ဖြစ်သည်။
မေမီကိုလူများတဲ့ကြားထဲသူတို့ကဆွဲသွင်းချင်နေပုံရသည်။ ဧကရီနဲ့ထက်ဦးပိုင်ကလည်းသူတို့နဲ့ အလိုတူအလိုပါဖြစ်နေသည်။ ဆရာမကလည်းမေမီလိုစနစ်ကျတဲ့ ကျောင်း သူတစ်ယောက်ဟာ Projectရဲ့အတွင်းရေး မှူးလုပ်မှာကိုငြင်းစရာမရှိကြပေ။"မေမီဇော်!!! မပြေးနဲ့လေဟာ။"
*ဘုတ်*
*အာ့!!* *ဟာ!!*
မေမီသူတို့နှစ်ယောက်ကိုတွေ့သည်နဲ့အရှေ့
ကို မကြည့်မိဘဲပြေးရင်းနဲ့တစ်ဖက်မှလာသောလူတစ်ယောက်နဲ့တိုက်မိတော့သည်။ တိုက်မိတဲ့သူက အခြားသူမဟုတ်ပေ။
ကိုယ့်ကိုတစ်စက်မှကြည့်မရတဲ့ ယွန်းမြတ်နိုးနဲ့မှတိုက်ရိုက်လာတွေ့ရတော့သည်။ ပိုဆိုးသွားသည်မှာ ယွန်းမြတ်နိုးကိုင်လာသော ကော်ဖီခွက်မှာ အရှိန်နဲ့နှစ်ယောက်စလုံးကိုဖိတ်စင်သွားခြင်းဖြစ်သည်။"မမြင်ဘူးလား!...လူတစ်ယောက်လုံးလာနေတာကို ဒီမှာအကုန်ပူကုန်ပြီ။"
"ဟယ်!! Sry....Sorry ပါနော်။"
မေမီလည်းပြောရင်းနဲ့ သူမကော်ဖီပေသွားသောနေရာတို့ကို လက်နဲ့သုတ်ပေးမိလိုက်သည်။ ဒါကိုသူမက မေမီ့လက်ကိုအားနဲ့ဖြုတ်ချလာသောကြောင့် လက်ကနာလည်းနာသွားသလိုလူတွေလည်းရှိနေသည်မို့ ရှက်လည်းရှက်မိသွားသည်။
"ဖယ်စမ်း!!...အခုမှလာတောင်းပန်လို့ ဘယ်လို ရမလဲ။မလုပ်ခင်ထဲကကြည့်ရမှာပေါ့ ခုတော့လက်တွေပါပူကုန်ပြီ"
"မေမီ တကယ်မရည်ရွယ်တာပါ။မတော်
တဆဖြစ်သွားတာပါ။""ဘာ!...မတော်တဆဟုတ်လား"
"ယွန်းရယ် မေမီကမသိလို့ဖြစ်သွားတာတဲ့တောင်းပန်နေတယ်လေ။"
VOUS LISEZ
မောင်စေလိုရာ (OC) [Complete]
Roman d'amour(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Matteo) မောင်က ငါ့အချစ်တွေကိုမမြင်ခဲ့လေသလား ငါကမောင့်တစ်ယောက်တည်းကိုချစ်ခဲ့သူမို့ မောင့်စေလိုရာအတိုင်းရ...