Part-3(Zawgyi & Unicode)

35.9K 1K 31
                                    

(Unicode)

ခန့်ညီသော်ကို အိမ်ကကားကကျောင်းရှေ့ထိလာပို့ပေမယ့် သူမကတော့ကျောင်းကိုလမ်း လျှောက်လာနေသည်။သူမကို ကျောင်းကပညာတော်သင်ပေးထားလို့များ တက်နေရတာလားဟုပင်ခန့်ညီတွေးမိသည်။ သို့သော် လည်းတစ်ဖက်တွင် ဧကရီကော ထက်ဦးပိုင်ကောရဲ့မိသားစုအခြေအနေက ခေသူမဟုတ်တဲ့အတွက်ကြောင့် ဒီကောင်မလေးဇာတ်ရုပ်ကိုသူတစ်စတစ်စနဲ့သိချင်လာရသည်။  ဒီလိုသာမန်ကျောင်းသူတစ်ယောက်ရဲ့အကြောင်းကို ခန့်ညီသော်လိုလူတစ်ယောက်အနေနဲ့ စိတ်၀င်စားနေတာကိုကစမှားနေပြီဖြစ်သည်။

"ခန့်ညီနော် ရွှေရည့်ကိုတောင်မတွေ့ရအောင်ဘာတွေ အတွေးများနေတာတုန်း"

ဘေးနားသို့ ‌ရောက်လာသည့်စကားသံလေးကြောင့် ခန့်ညီကြည့်လိုက်တော့သူငယ်ချင်းမ ရွှေရည်ထက်ဖြစ်နေသည်။

"မဟုတ်ပါဘူး။"

"နေ့ခင်းကျ ခန့်ညီတို့ပွဲရှိတယ်မလားတို့လာခဲ့မယ်"

"ပြောစရာလိုလို့လား"

"ဟီးဟီး ဟာတ်သားဘဲ။ အဲ့ဆိုတို့သွားနှင့်ပြီနော်။"

"အင်း။"

****

မေမီနဲ့ ဧကရီတို့နှစ်ယောက် ထက်ဦးပိုင် တစ်ယောက်ကြောင့် ဘောလုံးကွင်းနားသို့ရောက်လာရသည်။ သူ့ကိုအားမပေးဘူးဆိုလျှင် စိတ်ကောက်မည်ဟုခြိမ်းခြောက်သောကြောင့် အခုလိုနေပူထဲသူငယ်ချင်းနှစ်ယောက်ရောက်နေရသည်။

"ဧကရီ...ဟိုမှာရွှေရည်ထက်မလား"

"အေး...ခန့်ညီသော်ကိုလာအားပေးကြတာနေမှာပေါ့"

"သူတို့ကသူငယ်ချင်းသာပြောတယ် ခန့်ညီသော် ကိုကြည့်နေတဲ့ ရွှေရည်ထက် ရဲ့အကြည့်တွေကနယ်ကျော်နေတယ်နော်"

"ဟုတ်ပ ဟုတ်ပ။ friendzone ထဲကပလူးချင်နေတာ ရွှေရည်ထက်က"

ပွဲကလည်းကောင်းသည်ဟုဆိုရမည်။သူတစ်ပြန်၊ ကိုယ်တစ်ပြန်ဖြစ်သောကြောင့်အကြိတ် အနယ်ရှိသည်။ ထက်ဦးပိုင်နဲ့ခန့်ညီသော်နဲ့ ကလည်းကွင်းတွင်းအပေးအယူမျှလှသည်။

"ဂိုးလ် ရေး!...."

တကယ်ကိုလှပါသည်။ ထက်ဦးပိုင်တင်ပေးလိုက်တဲ့ဘောလုံးကို ခန့်ညီသော်ပိတ်သွင်းသွားတာဟာတော်တော်မိုက်တယ်ဟု၀န်ခံရမည်။

မောင်စေလိုရာ (OC) [Complete] Donde viven las historias. Descúbrelo ahora