Part-19(Zawgyi & Unicode)

27.8K 921 34
                                    

(Unicode)

ခန့်ညီဟာ ထိုဆိုင်မှထွက်ထွက်ခြင်း Daddy ပိုင်တဲ့ Bar တစ်ခုဆီသို့ဦးတည်သွားခဲ့သည်။ သူဟာအထက်တန်းကျောင်းသား တစ်ယောက်ဖြစ်နေသေးတာကြောင့်တရား မ၀င်သေးပါ။ သို့သော် သူပိုင်သည့်ထိုဆိုင်ကတော့သူ့ကိုတားဆီးနိုင်စွမ်းအလျင်းမရှိပါ။ တစ်သက်တာသူခံစားလာရတဲ့ဒီဒဏ်ရာတို့အတွက် ဒီနေ့ဟာ နောက်ဆုံးနေ့ဖြစ်ကောင်းဖြစ်နိုင်သည်။

*ခန့်ညီ အခြေနေဘယ်လိုလဲ။*

*အိမ်ပြန်ရောက်ပြီလား။*

*ငါ ဖုန်းခေါ်လို့ရပြီလား။*

*ငါ့စာတွေ၀င်မကြည့်တာ ခန့်ညီ အဆင်မှပြေရဲ့လား*

*မောင်...ဘာဖြစ်နေတာလဲ စိတ်ဆိုးနေတာများလား*

မေမီဇော်တစ်ယောက် ခန့်ညီ သူ့မာမီနဲ့ Dinner သွားစားသည်မို့အဆင်ပြေရဲ့လား
သိချင်ပါသော်လည်း မောင်ဟာသူ့စာတွေကို၀င်တောင်မဖတ်ပါ။

*မောင်အဆင်မှပြေရဲ့လား*

မာမီကနွားနို့သောက်ဖို့ကျိုပေးထားသည်‌ဆိုသောကြောင့် ခန္ဓာနဲ့မကပ်သည့်စိတ်ကိုအတင်းခေါ်ကာ အခန်းထဲမှထွက်ခဲ့သည်။

"မာမီ နွားနို့ရပြီလား။"

"ရပြီ...ဒါနဲ့မနက်ကျရင် ကျွန်မကိုယ်တိုင်ရှင်‌လေးကိုကျောင်းလိုက်ပို့မယ်။"

"ဘာလို့လဲမာမီ.."

"ဘာလို့လဲဟုတ်လား?...ငါ့ကွယ်ရာမှာ ငါ့ကလေးကိုအနိုင်ကျင့်နေတဲ့ဟာတွေငါနဲ့တွေ့မယ်။ဒါတောင်နင့်အဖေကိုမပြောရသေးဘူး ဟိုကသိရင် အဲ့ဆရာမဆိုတဲ့ဟာတွေပါ သေလိမ့်မယ်"

"ပြီးရော...ဒါဆိုလည်းမာမီလိုက်ပို့။"

*မွှ*

မာမီ့ပါးလေးကို‌မေမီအတင်းနမ်းကြူကာသူမအပေါ်ထပ်သို့ပြန်တက်လာလိုက်သည်။မောင်များစာပြန်ပို့ထားမလားလို့လေ...

မေမီဖုန်းကိုအပြေးကြည့်မိတဲ့အခါ

*မောင် အဆင်ပြေတယ်။ Goodnight*

*ပြီးတော့ ချစ်တယ်မေမီဇော်။*

မောင်ဟာသူအဆင်ပြေတယ်လို့သာပြောပေမယ့် မေမီ့စိတ်ထဲတွင်တော့အဆင်ပြေမနေပါ။ တစ်ခုခုမကောင်းသလိုကိုခံစားနေရသည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now