Part-39(Zawgyi &Unicode)

33.3K 789 33
                                    

Unicode

ဒီနေ့ည 12 နာရီကိုမေမီဇော်မအိပ်ဘဲစောင့်နေမိသည်။ မောင့်အတွက် BD wish ကိုလုပ်ပေးတဲ့သူတွေထဲ သူဟာ ပထမဦးဆုံးသူဖြစ်ချင်မိပါသည်။ မေမီဇော်ကော်ဖီခွက်ပူပူလေးသောက်ရင်းမနက်ဖြန် Wedding အတွက်စိတ်လှုပ်ရှားခြင်းများစွာနဲ့ရှိနေသည်။လွန်ခဲ့တဲ့ နှစ်နှစ်ကမေမီအထက်တန်းပြီးရင် ကိုကိုနဲ့ Netherlands မှာကျောင်းလိုက်တက်ဖို့ကိုဘဲတွေးထားခဲ့သည်။ဆယ်ကျော်သက်ဘ၀ ရုပ်ပုံကားချပ်လေးကိုရိုးရိုးရှင်းရှင်းသာဖြတ် သန်းခဲ့ချင်သည်။ အခုတော့စိတ်ကူးနဲ့လက် တွေ့ဟာတစ်ခြားစီဖြစ်ခဲ့ရသည်။အခုတော့‌ ပြည်ပမထွက်ရဘဲ ခန့်ညီသော်ရဲ့ရင်ခွင်ထဲသွားရတော့မည်။

*Happy Birthday ပါ။ မောင်ရယ်...ချစ်တယ်ဆိုတာထက်ကိုပိုချစ်တယ်။ အတူတူရှိရမယ့်နေ့ရက်တိုင်းမှာ မောင် ပျော်ရွှင်နေဖို့သာငါမျှော်လင့်မိတယ်။ငါတို့ကျန်းကျန်းမာမာနဲ့ နေသွားကြရအောင်၊ နေ့တိုင်းအချစ်တွေတိုးလို့*

ခန့်ညီသော်ရဲ့ ဖုန်းထဲပထမဦးဆုံး၀င်လာသည့်မေမီဇော့်ဆီမှ မွေးနေ့ဆုတောင်းလေးဖြစ်သည်။

*ကျေးဇူးပါ သဲငယ်ရယ်...မောင်တို့မနက်ဖြန်‌တွေ့ဆုံကြတာပေါ့။ ချစ်တယ်...*

ဒီကောင်‌မလေးကြောင့်ပင်သူအခါခါပျော်ရွှင်ရပါသည်။ခန့်ညီ‌သော် မနက်ဖြန် အတွက်ကိုပင်မစောင့်ဆိုင်းနိုင်တော့ချေ။

မေမီလည်းမောင့်ဆီမှ စာပြန်၀င်လာသည်နဲ့ အိပ်ခန်းထဲမှထွက်ကာ ကိုကို့အခန်းကိုတံခါးသွားခေါက်လိုက်သည်။ကိုကိုက မအိပ်သေးမှန်းသိသာသည် တံခါးကိုချက်ချင်းပင်ထဖွင့်ပေးလာသည်။

"ကိုကို...ကိုကို"

"ဘာလဲ...မေမီဇော်"

"ငါတို့ မာမီတို့အခန်းမှာ သွားအိပ်ရအောင်
တစ်ညလောက်ဖြစ်ဖြစ်"

"ဘာလဲ...၀မ်းနည်းနေတာလား"
"နင်ဘဲ...ဒီလမ်းကိုရွေးချယ်သွားတာလေ"

"ကိုကို...ငါ့ကိုအပြစ်မတင်ပါနဲ့တော့နော်"
"လာပါဟာ...."
မေမီဇော် ကိုကို့ကိုလက်မောင်းမှဆွဲခေါ်ရင်း ‌မာမီတို့အခန်းဆီသို့ဦးတည်သွားလိုက်သည်။

မောင်စေလိုရာ (OC) [Complete] Tempat cerita menjadi hidup. Temukan sekarang