Part-29(Zawgyi & Unicode)

24.5K 815 36
                                    

(Unicode)

မေမီဇော် စိတ်ရှိသမျှပင်ပန်းထားသည်များကို ကုတင်ပေါ်ပစ်လှဲချရင်းအပင်းဖြေနေလိုက်သည်။ သူမစိတ်ကော၊လူကောပင်ပန်းထားခဲ့သည်မလား။ မောင်ကသူ့အနားမှာအချိန်တိုင်းအားအင်အဖြစ်ရှိနေပေးလို့သာ သူမသက်သာရာရခဲ့ခြင်းဖြစ်သည်။အတွေးတွေတွေးနေရင်းမှာပင် အချိန်လေးခဏတာအတွင်းမှာပင်သူမရဲ့မျက်ခွံလေးတွေလေးလံလာကာ နှစ်ချိုက်စွာ‌အိပ်စက်ခြင်းစီသို့ကူး ပြောင်းသွားလိုက်သည်။

ခန့်ညီတစ်ယောက်ဒီအပတ်ထဲ ဒယ်ဒီလာမည်ကိုစောင့်နေရသည်။ ထိုင်းဘက်ကိုရောက်နေသည်ဆိုသောကြောင့် ဒီဘက်ခြမ်းကိုကူးလာမည်ဟုဆိုသည်။သူ့ချွေးမလောင်းလေးကိုလူချင်းနှုတ်ဆက်ချင်သည်တဲ့လေ ။ အထက်တန်းစာမေး‌ပွဲပြီးတဲ့အထိမ်းအမှတ်အဖြစ် သူ့သားနဲ့လည်း Dinner လုပ်ချင်သည်တဲ့။

ခန့်ညီတစ်ယောက် ဘာရယ်မသိသူရဲ့မီးခိုရောင်အိပ်ခန်းထဲတစ်ချက်ဝေ့ဝိုက်ကြည့်ရင်းအခန်းထောင့်နားကဂစ်တာတစ်လက်ဟာ လှပစွာရှိနေသည်။ ဒီဂစ်တာဟာသူများတွေအမြင်မှာတော့လှနေနိုင်ပေမယ့် သူ့မျက်လုံးထဲမှာတော့ မုန်းဖို့ကောင်းလွန်းနေသည်။
သူ့အမေရဲ့ဂစ်တာဖြစ်ခဲ့သည်နဲ့တင်မုန်းနေ
လှပြီ။
သူဂစ်တာမတီးတာတော်တော်ကြာခဲ့ပေမယ့် ဟိုတစ်ခါကျောင်းအထိမ်းအမှတ်ပွဲနေ့မှာတော့လူတွေရှေ့ သူတီးပြခဲ့ဖူးသည်။ အထူး သဖြင့် ထိုအချိန်ကသူ့မိန်းကလေးကို ရည် ရွယ်ပြီးတီးကာဆိုပြခဲ့ခြင်းဖြစ်သည်။ အခြားဂစ်တာကိုသာသူတီးရင်တီးမိလိမ့်မယ်...ဟိုအမျိုးသမီးရဲ့ဒီဂစ်တာကိုတော့သူထိမည်မဟုတ်ပါ။

*Ring Ring*

"Hello... သား Matteo လား။အန်ကယ်လ်က မေမီဇော်အဖေ ဦးဇော်ထက်ပါ။"

"ဟုတ်..ဟုတ်ပါတယ်ဗျ။အန်ကယ်လ် ပြောပါဗျ"

"အေး..သားနဲ့ခဏလောက်တွေ့ရအောင်ကွာ"

"အော်..ဟုတ်ကဲ့ဗျ။ ကျွန်တော့်ဆီလိပ်စာပို့လိုက်ပါ။ ကျွန်တော်လာတွေ့ပါ့မယ်။"

"အေး..ကောင်းပါပြီကွာ။"

ခန့်ညီသော် ရေမိုးချိုးကာဦးဇော်ထက်နဲ့တွေ့ရန်ပြင်ဆင်လိုက်သည်။ယောက္ခထီးလောင်းနဲ့တွေ့ဆုံရမှာကို သူသပ်သပ်ရပ်ရပ်၀တ်ဆင်သွားသင့်သည်မလား။ ဟိုကအထက်တန်းပြီးပြီဆိုတော့သူ့သမီးနဲ့နေရာချထားပေးခြင်ကြောင်းပြောဖို့ဖြစ်မှာပေါ့။

မောင်စေလိုရာ (OC) [Complete] Où les histoires vivent. Découvrez maintenant