Part-8(Zawgyi & Unicode)

29.5K 933 52
                                    

(Unicode)

ခန့်ညီသော်ဟာမနက်က သူမှာလိုက်တဲ့အတိုင်းမေမီ့ဆီကိုဖုန်းဆက်လာတော့သည်။ မေမီသူ့ဖုန်းကိုတမင်မကိုင်ပါ။ သူပြောတဲ့အတိုင်းဖုန်းမကိုင်ရင် နာရီ၀က်အတွင်းအိမ်ရှေ့ရောက်အောင်လာခဲ့မယ်ဆိုတဲ့စကားကြောင့်ဖြစ်သည်။သူ့အပြောနဲ့အလုပ်နဲ့ညီ လားဆိုတာမေမီသိချင်စိတ်ဖြစ်လာရတော့ သည်။ တစ်နည်းဆိုသော်‌မေမီ သူ့ကိုတမင်သက်သက်ရန်စကြည့်ခြင်းဖြစ်သည်။

မေမီ ရေခဲမုန့်ထိုင်စားရင်းမာမီတို့နဲ့ Viedo call ခေါ်ကာစကားပြောနေလိုက်သည်။
မာမီတို့ကနောက်အပတ်ဆိုပြန်လာဖြစ်မယ်တဲ့လေ။ဒီမှာကလေးကလွမ်းချင်တိုင်း‌ကိုလွမ်းနေရသည်။

"ကိုကို ပြန်လာရင်ငါမှာထားတဲ့ listထဲကဟာတွေအကုန်၀ယ်လာခဲ့နော်။"

"ဟုတ်ပါပီဗျာ။ စာသေချာလုပ်နော်တီငယ့်ကိုလည်းမဆိုးနဲ့ဟိုကစိတ်ပေါက်ပြီးသူ့ငယ် ချစ်နဲ့ယူသွားအုန်းမယ်။"

"ဟားဟား...မာမီကသူ့သားလေးအနားမှာရှိနေတော့ဒီက သမီးကိုတောင်မလွမ်းဘူးပေါ့နော်။"

ကိုကို့နောက်မှပြုံး၍ကြည့်နေသည့်မာမီ့ကိုဆူဆူပုတ်ပုတ်လေးပြောလိုက်တော့ မာမီကချက်ချင်း Phone Screen နားသို့ကပ်လာသည်။

"ပြောရက်တယ်နော်။ မာမီရဲ့သမီးငယ်လေး ကိုလွမ်းနေတာပေါ့။ ဒယ်ဒီဆိုလည်းသမီးငယ်ကိုလွမ်း‌နာကျနေတယ်လေ။"

"ဒါဆို မြန်မြန်လာခဲ့တော့မေမီလွမ်းလှပြီ။"

"ဟုတ်ပါပီရှင်။ သမီးအဖွားကိုစိတ်ချရပြီဆိုတာနဲ့ မာမီတို့ပြင်ဆင်ရှိတာပြင်ဆင်ပြီးမြန်မြန်ပြန်လာခဲ့ပါ့မယ်။"

လွမ်းလှသည်။ တီငယ်ကအနားအမြဲရှိပေမယ့် မတွေ့ရတာကြာပြီဖြစ်သည့်ကိုယ့်မိဘအရင်းကိုတော့အနားနားမှာရှိစေချင်တာပါ။

*ငါ မင်းအိမ်ရှေ့ရောက်နေတယ်။*

*ထွက်လာမလား ၀င်လာရမလား။*

ဆက်တိုက်ဆိုသလို၀င်လာသည့် ခန့်ညီသော်ရဲ့ Message များ။ သူတကယ်ကိုရောက်ချလာတာပါဘဲ။ တီငယ်ကဧည့်ခန်းမှာ Drama ထိုင်ကြည့်နေသည်မို့မေမီအသံတိတ်ဖြတ်ကလျှောက်ကာခြေရှေ့သို့ထွက်လာရသည်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now