(Unicode)
မေမီဇော်တစ်ယောက် ဒီနေ့ကျောင်းသို့သွားရန်တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေရသည်။ဒီတစ် လလောက်ကတော့ မေမီတို့အကြောင်းဟာကျောင်းရဲ့ hot news ဖြစ်နေလိမ့်မည်။
ဒီနေ့တော့ ကိုကိုဟာကျောင်းကိုသူလိုက်ပို့မည်ဟုဆိုလာသည်။ ကားမောင်းနေစဉ်အတွင်းတည်ငြိမ်လွန်းသည့်ကိုကို့ပုံစံကြောင့်မေမီကိုယ်တိုင်ပင်ကြောချမ်းရသည်။ အရင် နေ့တွေမှာကိုကိုဟာ မေမီဇော်မခံနိုင်လောက် အောင် ထိစနောက်နေကျဖြစ်ပေမယ့်ဒီနေ့တော့တိတ်ဆိတ်၍နေသည်။"ကိုကိုမျက်နှာကြီးကလဲ ဘာဖြစ်နေတာလဲ။"
"..."
"ကိုကို ဘာဖြစ်နေတာလဲ"
"မသိဘူး။ တစ်ယောက်ယောက်ကိုတော့တင်းနေသလိုဘဲ"
ကိုကိုဘယ်သူနဲ့များရန်ဖြစ်ထားလို့များလဲလို့ မေမီစိတ်ထဲထင့်သွားရသည်။
"ကိုကိုနေမကောင်းဘူးလား။"
"မေမီဇော်!...နင်ကြည့်နေသိလား။အေးငါစိတ်ဖောက်လာတဲ့နေ့ကျရင် နင်ကော၊နင့်အကောင်ခန့်ညီသော် ကောသေမယ်။"
ကိုကိုကြောင့်မေမီပါးစပ်ပိတ်သွားရသည်။
"ဟင်!!!"
မေမီဇော်တစ်ယောက် မျက်လုံးပြူး၊မျက်စံပြူးဖြစ်သွားရသည်။ ကိုကိုဟာSocial
ကောင်းသူတစ်ယောက်ဖြစ်တာကြောင့်
ဒီ case ကိုသိမှာအနှေးနဲ့အမြန်ဖြစ်ပေမယ့်အခုတော့ အရမ်းဘဲမြန်ဆန်နေသည်။"ကိုကို"
မေမီဇော် အကြည့်တို့ကိုအတတ်နိုင်ဆုံးညှင်သာစွာကြည့်လိုက်သည်ပြီးနောက် ချွဲသလို အသံမျိုးနဲ့ဆိုလိုက်သည်။
"ကိုကို...မေမီ့တောင်းပန်ပါတယ်။ဒီလိုချိန်မှာရည်းစားထားမိတဲ့အတွက်"
"သိရင်ပြီးရော၊ ငါနော်ကျစ်!...တွေးရင်းနဲ့ကိုဒေါသတွေအလိပ်လိုက်ထွက်လာရတာဘဲ။ ဒါပေမယ့် ခပ်ခွာခွာနေအကောင်တွေ နင့်ကိုအသားယူတာမျိုးငါမကြိုက်ဘူး။ ငါစိတ်ဖောက်လာရင်နင့်ကိုအိမ်ထဲကအိမ်အပြင်ထွက်ခိုင်းတော့မှာမဟုတ်ဘူး။"
"စိတ်ချပါ...ဒါနဲ့မာမီတို့ကော"
"မသိသေးဘူးနဲ့တူတယ်။"
YOU ARE READING
မောင်စေလိုရာ (OC) [Complete]
Romance(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Matteo) မောင်က ငါ့အချစ်တွေကိုမမြင်ခဲ့လေသလား ငါကမောင့်တစ်ယောက်တည်းကိုချစ်ခဲ့သူမို့ မောင့်စေလိုရာအတိုင်းရ...