Unicode
ဆောင်းဦးမို့အေးစိမ့်စိမ့်နဲ့ရှိနေသည်။ ကော်ဖီပူပူလေးကိုကိုင်ထားရင်း ပြတင်းပေါက်နားရပ်ကာမေမီအတွေးတို့စီတန်းထားနေသည်။ 'မောင်ပြောတဲ့ သူတို့ကိုမယုံဘူးဆိုသည့်အကြောင်း၊ ဘာတွေကများမောင့်ကိုပင်ပန်းအောင်လုပ်နေရသလဲ။'
"သမီးငယ်၊ ကျောင်းနောက်ကျတော့မယ်။ဆင်းခဲ့တော့"
"ဟုတ်...မာမီ သမီးလာပြီ"
ဒီနေ့တော့ မေမီ့ကိုဒယ်ဒီလိုက်ပို့သည်။
မေမီ့ ဒယ်ဒီကခန့်ညားလွန်းသည်။အသက်ကသာ 47 နှစ်ဆိုပေမယ့်ထင်ရက်စရာကိုမရှိပေ။ဒယ်ဒီပြုံးလိုက်တိုင်း ကြည်နူးမှုနဲ့နွေးထွေးမှုတို့ တစ်ပြိုင်နက်ကိုခံစားရသည်။
မေမီဇော် ဒယ်ဒီကိုငေးကြည့်နေတုန်း၊ဒယ်ဒီမှမေမီတို့အချစ်ရေးကို မေးခွန်းထုတ်လာခဲ့သည်။"သမီး....Matteo နဲ့အဆင်ပြေလား။"
မေမီဇော် အံ့ဩသွားရသည်။ ဒယ်ဒီဟာ
မောင့်အိမ်ခေါ်နာမည်ကိုပါသိနေသည်။မေမီနားမလည်ဟန်ဖြင့် မေးခွန်ပြန်ထုတ်မိလိုက်သည်။"Matteo? ဒယ်ဒီ ဒီနာမည်ကိုဘယ်လိုသိတာလဲ။"
"Ohh my sweety!ငါက မင်းအဖေပါနော်။ ငါ့ဆီကသမီးငယ်ကိုခိုးသွားမယ့်လူအကြောင်းသိထားသင့်တာပေါ့။"
"ဒယ်ဒီက တကယ်သွေးအားတာဘဲ။ အို...ဒါဆိုဒယ်ဒီသ၀န်တိုနေခဲ့တာပေါ့။"
"ကျိန်းသေ သ၀န်တိုတာပေါ့။ သူ့မိဘတွေအကြောင်းကော သမီးငယ်သိထားပြီးပြီလား။"
"No!...သူမပြောသေးဘူး။ သူအဲ့အကြောင်းနဲ့ပတ်သတ်ပြီးအဆင့်သင့်မဖြစ်သေးဘူးနဲ့တူတယ်။"
"ဒါဖြင့် အချိန်ပေးထားတယ်ပေါ့။တော်တယ် ကလေး၊ သူ့မှာလည်းခက်ခက်ခဲခဲဆုံးဖြတ်စရာရှိလို့မပြောသေးတာဖြစ်မှာပါ"
ဒယ်ဒီဟာ သူခန့်ညီအကြောင်းကိုဂဂနနသိနေသလိုမျိုးပြောနေသည်ကို မေမီဇော်ခံစားမိသည်။ ဒယ်ဒီကအနေအေးပေမယ့် လျင်သည်။လူကြောနပ်သည်။မိသားစုအတွက် အမြဲတွေးပေးတတ်ပြီ လမ်းဖောက်ပေးတတ် သည်။
မေမီ ဒယ်ဒီနဲ့စကားတပြောပြောဖြင့်ကျောင်းရှေ့သို့ရောက်လာခဲ့သည်။ ဒီလိုမိသားစုကိုခင်တွယ်လွန်းသည့်ဒယ်ဒီလို လူမျိုးကိုပိုင် ဆိုင်ထားရတာ အကောင်းဆုံးသော လက် ဆောင်တစ်ခုဖြစ်သည်။
DU LIEST GERADE
မောင်စေလိုရာ (OC) [Complete]
Romantik(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Matteo) မောင်က ငါ့အချစ်တွေကိုမမြင်ခဲ့လေသလား ငါကမောင့်တစ်ယောက်တည်းကိုချစ်ခဲ့သူမို့ မောင့်စေလိုရာအတိုင်းရ...