Part-11(Zawgyi & Unicode)

28.6K 909 18
                                    

(Unicode)

ညနေဆောင်းချိန်ဖြစ်သည်။ အိပ်အခန်းရဲ့ထိုင်နေကျဆိုဖာခုံလေးမှာထိုင်ကာ ထို‌‌ထိုင်နေရာရှေ့တည့်တည့်ရှိ ပြတင်းပေါက်မှတ
ဆင့်‌လိမ္မော်ရောင်သန်းနေသည့်ကောင်းကင်ကျယ်ကို မေမီငေးကာကြည့်ရင်းတွေးနေမိသည်။ ညကကောင်းမင်းထက် ကမေမီ့ဆီကိုဖုန်းဆက်ကာ သူ့ကိုတစ်ခါလောက်ဖြစ် ဖြစ်တွေ့ခွင့်ပေးပါဟုဆိုလာသည်။
သွားတွေ့ ပြီးအပြတ်ပြောလိုက်ရင်ကောင်း
မလား။ ဒါမှမဟုတ်ဒီတိုင်းလေးဘဲထား
ထားလိုက်ရင်ကောင်းမလားနဲ့ မေမီတွေဝေနေရသည်။ နောက်ဆုံးသွားမတွေ့တော့ဘဲ
ဒီတိုင်းလေးနေဖို့သာဆုံးဖြတ်ချက်ချလိုက်သည်။

မာမီတို့ဆီမှ Video Call ၀င်လာမို့ကိုင်လိုက်သည်။ Screen ပေါ်မြင်လိုက်ရသည့် မြင် ကွင်းကြောင့် မေမီစွန့်အသွားရသည်။မာမီရဲ့မျက်နှာမှာမြင်နေရသည့်မျက်ရည်စတို့ မေမီ စိတ်တို့ပူလာရသည်။

"မာမီ....ဘာဖြစ်လို့လဲ ဘာလို့ငိုနေရတာတုန်း"

မာမီကသူ့ကိုတုန်ယင်နေသောအသံတို့နှင့်ပြောလာသည်။

"သမီးရဲ့ဖွားဖွားဆုံးသွားပြီ။"

"ဘယ်လို!!.."

မေမီတစ်ခဏတာမျှတော့တိတ်ဆိတ်သွားရသည်။ လူကထိုအချင်းအရာကိုကြားကြားချင်းငိုချင်လာသည်။ သူနဲ့ဖွားဖွားရဲ့ရင်းနှီးမှုကထင်သာပါသည်။မေမီ့ကိုယ်၀န်ကို မာမီက Netherlands မှာမွေးဖွားခဲ့တာကြောင့်၊ သူတို့
ဒီကိုပြန်အခြေမချလာခင်အထိ ဖွားဖွားကဘဲသူ့ကိုအကုန်ဂရုစိုက်ပေးခဲ့တာဖြစ်ပေသည်။ အခုတော့ထိုတန်ဖိုးရှိလှတဲ့မိသားစု၀င်ရဲ့နောက်ဆုံးချိန်မှာ မေမီဟာရှိမနေခဲ့ရပေ။

"သမီးငယ်....အဆင်ပြေရဲ့လား"

ခဏနေတော့ Screen ပေါ်မှာပေါ်လာသည့်ဒယ်ဒီဟာ တကယ်မှပင်ပန်းနွမ်းနယ်နေသည့်ပုံပင်ဖြစ်သည်။ ဒယ်ဒီဟာ သူ့အ‌မေကိုသိပ်ချစ်တာမေမီတို့သိသည်မို့ ဒယ်ဒီကခံစားရဆုံးသောလူဖြစ်လိမ့်မည်။

"သမီးငယ်ပိန်သွားပါလား။ ထမင်းစား၀င်ရဲ့လားဟင်"

"ဒယ်ဒီ မီ့ကိုစိတ်မပူနဲ့နော်ဒယ်ဒီသာစိတ်တင်းထားချည်။ နေကောင်းအောင်လည်းနေအုန်း"

မောင်စေလိုရာ (OC) [Complete] Opowieści tętniące życiem. Odkryj je teraz