(Unicode)
Special class တက်နေရသည့်အချိန်ပိုအချိန်တွင်ဖြစ်သည်။ Special class ကို
15 ယောက်တစ်ခန်းဆီသပ်သပ်ခွဲထားသည်။မေမီဟာရှေ့ခန်းမှာဖြစ်ပြီး ခန့်ညီသော်ဟာ နောက်ကစာသင်ခန်းတွင်ဖြစ်သည်။သို့သော်
ထိုနှစ်ခန်းကို မှန်တစ်ချပ်ဖြင့်သာခြားထား၍ အခန်းနှစ်ခန်းမှ အသံများကိုသာမက တစ် ဖက်အခန်းကကလေးတွေ ဘာလုပ်နေလည်းဆိုတာကို နောက်တစ်ခန်းကပါ အတိုင်းသားမြင်ရနိုင်သည်။မေမီ သူရှိသည့်ဟိုဖက်ခန်းကိုလှမ်းကြည့်မိလိုက်သည်။ သူကဘေးကကောင်မလေးနဲ့ခေါင်းချင်းဆိုင်ကာပြုံးဖီးလို့ တီတီတာတာတွေပြောဆိုနေကြဟန်ရှိသည်။ အရင်ကသူနဲ့မေမီဟာ အခန်း 3ခန်းလောက်ခြားသော ကြောင့် သူ သူ့အခန်းထဲမှာဘယ်လိုရှိတယ်ဆိုတာမသိခဲ့ပေမယ့်အခုတော့တွေဝေလာရသည်။
ဒါနဲ့များဘာကြောင့် *တွဲရအောင်လို့*သူပြောခဲ့လဲ။ ထိုစကားလေးကသူ့အတွက်အဓိပ္ပါယ်
မရှိနိုင်ပေမယ့် မေမီ့အတွက်တော့အဓိပ္ပါယ်ရှိခဲ့သည်။မေမီ သူ့အကြောင်းကိုမေ့ထားလိုက် ကာ စာကိုသာပြန်အာရုံစိုက်နေလိုက်သည်။အချိန်တစ်ခဏကြာ၌ ဆရာမရဲ့ "ခဏနားကြစို့" ဟူသည့်အသံကြားမှသာမေမီခေါင်းမော့မိတော့သည်။သူတို့လည်း ခဏနားရသည်နဲ့တူပါသည်။
မေမီတို့အခန်းဘက်သို့ သူလျှောက်လာနေတာကိုမေမီ သတိထားမိလိုက်သည်။ လက်တစ်ဖက်က နို့အေးဘူးကိုကိုင်ကာပိုက်နဲ့စုပ်သောက်နေပုံက ဆေးလိပ်သောက်နေကျသူ့ပုံစံနဲ့မတူဘဲ တမူချစ်ဖို့ကောင်းနေပြန်သည်။"ဒီအခန်းထဲ ခဏလောက်နေခွင့်ရှိမလားဗျ"
သူပြောလိုက်သည့်ပုံ မသိရင်သူဟာ လူယဉ်ကျေးလေးတစ်ယောက်ပါပေါ့။ အမှန်တော့ခန့်ညီသော်ဆိုသည့်သူက ဒီအခန်းထဲက မည်သူ့ကိုမျှဂရုစိုက်မည့်ပုံမပေါ်ပါ။ တမင်ရှိုးလုပ်နေပုံရသည်။
"ထိုင်ပြီနော်။"
မေမီဘေးကခုံကိုဆွဲယူကာ သူ၀င်ထိုင်လာသည်။ထိုနေရာမှာ တစ်စုံတစ်ယောက်ထိုင်သည်ကိုခန့်ညီသိပုံမရပါ။သူ သိချင်လောက်အောင်လည်း သူဟာမေမီ့အားစိတ် ၀င်စားနေဟန်မရှိပါ။
YOU ARE READING
မောင်စေလိုရာ (OC) [Complete]
Romance(Unicode) မောင် မင်းကိုမြင်မြင်ချင်းထဲကချစ်ခဲ့တယ်ဆိုတာမင်းယုံပါ မောင်ကတစ်ကိုယ်ကောင်း သမားမို့ မင်းကိုမောင့်အနားမှာဘဲခေါ်ထားမှာ.... (ခန့်ညီသော်) ( Matteo) မောင်က ငါ့အချစ်တွေကိုမမြင်ခဲ့လေသလား ငါကမောင့်တစ်ယောက်တည်းကိုချစ်ခဲ့သူမို့ မောင့်စေလိုရာအတိုင်းရ...