Extra-1(Zawgyi & Unicode)

34.6K 705 35
                                    

Unicode

မေမီဇော်နဲ့ မောင်ဟာ မေဂျာမတူပေမယ့်ကျောင်းတော့တစ်ကျောင်းတည်းတက်ခွင့်ရသည်။ မောင်ဟာ အမြဲကျောင်းမှာလည်း မေမီ့နားတစ်ဝဲလည်နေသည်။ ဧကရီနဲ့ ကောင်းမြတ်စံဟာ မေမီတို့နဲ့တစ်ကျောင်းတည်းကျပေမယ့် ထက်ဦးပိုင်နဲ့ဘုန်းမြတ်က နည်းပညာကျောင်းကိုရခဲ့သည်။ ထက်ဦးပိုင်က ကျောင်းမတူသည့် သူ့ရည်းစားဖြစ်သူ
ဧကရီ့ဆီကို နေ့တိုင်းနီးပါးလာတက်သည်။ထိုအခါ ဘုန်းမြတ်လည်းပါလာတာကြောင့် မေမီတို့ squadဟာ အပတ်တိုင်းနီးပါးလူစုံမြဲဖြစ်သည်။ မောင်ကတော့ကျောင်းမှာမေမီ့ကို သ၀န်တိုလွန်းကာအမြဲရစ်နေတတ်သည်။ တစ်ခါတစ်လေဆို ကျောင်းမှာအတန်းချိန်
မရှိရင်မေမီပြီးသည်ထိ စောင့်ပြီးမှ အတူတူပြန်တတ်သည်။ မောင်ဟာတကယ်ကိုကလေးတစ်ယောက်လို ချစ်ဖို့ကောင်းလွန်းပါသည်။

*တီ...တီ*

"Hello....မေမီဇော်"

"အင်း...မောင်ပြော"

"မင်းတို့အခန်းရှေ့မောင်ရောက်နေတာ။
မင်းကိုမတွေ့ပါလား။ မင်းဘယ်မှာလဲ။"

"မောင်...ငါ စာကြည့်တိုက်မှာ ရှေ့အပတ်ဖြေရမယ့် tutorial အတွက်စာကြည့်နေတယ်"

"ဟုတ်လား..."

"မောင်...စောင့်မယ်လေ မင်းပြီးရင်ဖုန်းဆက်လိုက်"

"မဟုတ်တာ မောင်ရယ်။ မောင်အရင်ပြန်လိုက်ပါ။ ငါပြီးမှ Taxi နဲ့ပြန်လာခဲ့မယ်"

"ရလို့လား...မေမီဇော်ရဲ့"

"ရတယ်...မောင်။ အဲ့ဆိုဒါဘဲနော်"
"ချစ်တယ်မောင်"

"မောင်ကောဘဲ...မင်းကိုချစ်တယ်"

ဖုန်းချသွားပြီးနောက် မေမီဇော်တစ်ယောက် ရှာထားသမျှ စာအုပ်တွေကိုလှန်လျှော်ရင်း စာထဲအာရုံစိုက်ထားလိုက်ရသည်။

"မေမီဇော်!..."

"ဟင်...မြတ်ဇင်"
"နင့်မလဲနော်...တစ်ကျောင်းတည်းအတူတူတက်နေကြတာကို ငါ့ကိုမတွေ့ရအောင်ဘဲရှောင်နေတာလားဟင်"

"အယ်!....မဟုတ်ရပါဘူး မေမီရဲ့"

မေမီရယ် နင့်ရဲ့လူကနင့်နားမှာ တစ်ဝဲလည်လည် ဖြစ်နေတာကို ငါကနင့်နားကိုဘယ်လို မျက်နှာနဲ့လာရမလဲ မေမီဇော်ရယ်။
ဒါပေမယ့် နင်စိတ်ချမ်းသာတယ်နဲ့တူပါတယ် နင်အရင်ကထက် ပြည့်လာတယ်။

မောင်စေလိုရာ (OC) [Complete] Where stories live. Discover now