Part-3

24.1K 2.6K 284
                                    

"ယောင်း~ကိုကိုတို့ အဲတာဆို ပြန်တော့မယ်လေ...အရှင်က တိုင်းပြည်ကို ဒီတိုင်းအကြာကြီးထားခဲ့လို့မဖြစ်ဘူးမဟုတ်လား...ယောင်းတို့ လက်ထပ်ပွဲနေ့ကျမှ လာခဲ့မယ်လေနော်"

အထိန်းတော်ဝမ်လိုက်ပို့တဲ့ အဆောင်ထဲ ရောက်တာနဲ့ ကိုကိုက နှုတ်ဆက်နေခြင်းဖြစ်သည်။
အရှင်နှစ်ပါးက စကားပြောပီး ဧည့်ဆောင်တွင် ကျန်နေခဲ့သည်။

"ယောင်းကြောက်တယ် ကိုကို~အဲ့လူကြီးက ယောင်းကို သဘောမကျဘူးထင်တယ်.."

"အဆင်ပြေသွားမှာပါ ယောင်းရယ်~ယောင်းကို မကာကွယ်ပေးနိုင်တာ ကိုကိုတောင်းပန်ပါတယ်..ကိုကို့ညီလေးကို ဒါမှန်းသိ ဘယ်သူမှမသိတဲ့ နေရာမှာပဲထားပီး ဟိုးအရင်တုန်းက အရှင်ခေါ်ရာဆီ လိုက်မလာခဲ့ပါဘူး"

ကိုကိုအခုလို ပြောတော့လဲ ထယ်ယောင်းစိတ်မကောင်းပါ။သူ့အတွက်ကြောင့် ကိုကို့ကိုစိတ်မဆင်းရဲစေချင်ဘူး...

"အဲလိုမတွေးပါနဲ့ ~ယောင်းအဆင်ပြေမှာပါ...ဟိုလူကြီးက ယောင်းနဲ့ စကားမပြောဖူးသေးလို့ နေမှာပါ~ကိုကို စိတ်မပူနဲ့တော့ နောက်တော့ ရင်းနှီးသွားမှာပါ"

"ဟုတ်ပါပီ ကိုကို့ညီလေးက လိမ်မာပါတယ်~ဒါပေမဲ့ တစ်ခုခုဆို လှမ်းပြောရမယ်နော် ကြားလား..မီ့ကို ပြောခိုင်း...ဒါနဲ့ ယောင်း နောက်လဆို Heat လာတော့မယ်နော်..အဲ့ကျ Alpha King နားမှာပဲနေ..တခြား Alpha ယောင်းနားကို မကပ်စေနဲ့"

"ဟင်!ဘာဖြစ်လို့လဲဟင် ကိုကို"

"‌နောက်ကျ ယောင်းနားလည်လာလိမ့်မယ် ကိုကိုလဲ သေချာရှင်းမပြတတ်ဘူး~ဒီUraniumမှာ Male Omega ရှိသေးတယ်လေ ...သူသိမယ်ထင်တယ် သူနဲ့ရင်းနှီးအောင်လုပ်"

"ဟုတ်ကဲ့ ကိုကို"

ထယ်ယောင်းရဲ့ လက်ကလေးများကို ဆုတ်ကိုင်လိုက်ပီး နဖူးလေးကို ဖွဖွနမ်းကာ...

"ယောင်းလေး~ကိုကိုသွားတော့မယ် ဂရုစိုက်ပါနော်~ယောင်းရဲ့ Pheromoneကို အသုံးချပီး Alpha ရဲ့ အချစ်ကိုအရယူပါ.."

ပြောပီးသည်နှင့် ထယ်‌ယောင်းလက်လေးကို လွှတ်ချကာ ထွက်လာခဲ့သည်။ကိုကိုလဲ မတတ်နိုင်တဲ့ အခြေအနေမို့ ထားခဲ့ရတာ ခွင့်လွှတ်ပါယောင်းရယ်...

The Alpha King And His Omega (Complete)Where stories live. Discover now