Part-25

17.7K 1.7K 65
                                    

ဂျီမင်းကို Columbus ရောက်ရောက်ချင်း သမားတော်က စမ်းသပ်ပေးနေချိန် ဟိုဆော့လဲ ထိုင်စောင့်နေမိသည်။

"သခင်လေးမိတဲ့ အဆိပ်ကသွေးကြောတွေထဲထိမရောက်သေးတာ ကံကောင်းတယ်ပြောရမယ်။မကြာခင်သတိရလာမှာပါ"

ဟိုဆော့ရဲ့ မှောင်မိုက်နေတဲ့ ကမ္ဘာကြီးဟာ လင်းလက်လာသလို ခံစားလာရတယ်။မပိုင်ဆိုင်ရလဲ နေပါစေ ဒီကမ္ဘာကြီးပေါ်မှာ မင်းရှိနေရုံနဲ့ ပြည့်စုံနေပီမို့...

"တပ်မှုး ခြေထောက်လဲ ဆေးထည့်ရအောင်"

သမားတော်က သူ့ခြေထောက်ကို ဆေးစည်းပေးပီး ထမည်အလုပ်...

"သမားတော်ကြီး အရှင် အရှင့်ကိုလာကြည့်ပါဦး"

ကြည့်ရတာ အရှင်ယွန်ဂီပါ ရောက်လာပုံရသည်။
ဟိုဆော့လဲ သတိမရသေးတဲ့ ဂျီမင်းကို ခနထားကာ အရှင့်ဆီသွားရန်ပြင်လိုက်သည်။

"အရှင်ဟာ သိပ်ကိုကံကောင်းတာပဲ Male Omega ရဲ့ ရှားပါးတဲ့ sun ကြောင့် အသက်ဘေးက လွတ်ခဲ့ပီ။သတိပြန်ရလာဖို့ပဲ လိုပါတော့တယ်"

တကယ်ကို ဟိုဆော့ပျော်နေမိတော့တာ။အခုဆိုရင် ဂျီမင်းတို့ချစ်သူနှစ်ဦးဟာ သေကွဲမကွဲရတော့ဘူးမဟုတ်လား။ဘာပဲဖြစ်ဖြစ် ဂျီမင်းပျော်မှာ သေချာတာမို့ သူ့ရင်ကွဲရလဲ ကျေနပ်တယ်။ဒါပေမဲ့ နောက်ဆုံးထွက်သက်ထိ မင်းကိုချစ်သွားမှာ....

"တပ်မှုး~သခင်လေး ဂျီမင်းသတိရလာပီ"

အထိန်းတော်တစ်ယောက်က အပြေးလာပြောသည်မို့ ဟိုဆော့လဲ ဂျီမင်းဆီသို့ သွားလိုက်သည်။

"အကိုဟိုဆော့....အီးဟီး!! ဘာလို့ကယ်ခဲ့တာလဲ...အရှင်ရော အရှင်က တစ်ယောက်ထဲ သွားရတော့မှာ...ဟင့်!အရှင်မရှိတော့ရင် မနေချင်ပါဘူး‌ဆို ဘာလို့ကယ်ရတာလဲလို့"

ငိုယိုနေတဲ့ ဂျီမင်းကို မျက်ရည်တွေသုတ်ပေးလိုက်ပီး...

"အရှင်က မသေသေးပါဘူး ဂျီမင်း စိတ်လျော့ပါ...အရှင် အသက်ရှင်ပါတယ်"

"ဟင်!!တကယ်လား အကိုဟို‌ဆော့ တကယ်လား"

မျက်လုံးလေးတွေ အရောင်လက်ကာ မေးနေလေတဲ့ အသေးလေးက အကို့ခြေထောက်က ဒဏ်ရာကိုနဲနဲလေးတောင် စိတ်မဝင်စားဘူးထင်ပါရဲ့...

The Alpha King And His Omega (Complete)Où les histoires vivent. Découvrez maintenant