Part-22

15.9K 1.8K 81
                                    

ထိုပန်းလေးကို မွှေးကြူပီးသည်နှင့်  မွှန်ထူသွားကာ ခေါင်းဟာတရိပ်ရိပ်ထိုးကိုက်လာပီး နှာခေါင်းတစ်ခုလုံးမွှန်ကာ အသက်ရှုကျပ်လာလေသည်။

ပန်းစည်းလေးဟာ လွတ်ကျသွားပီးနောက် မယ်မယ်ဟာအပုံလိုက်လေး လဲကျသွားခဲ့သည်။နှာခေါင်းမှလဲ သွေးများစီးကျနေခဲ့သည်။

ဂျီမင်းသည် ရုတ်တရက်မို့ ကြောင်နေပီး နောက်မှ အော်ဖို့ သတိရတော့သည်။

"မယ်မယ်~မယ်မယ် ဘာဖြစ်တာလဲ!! လုပ်ကြပါဦး လာကြပါဦး"

ထိုအချိန်တွင်ပြေးလာသော တပ်သားတချို့နှင့် အတူ အမတ်လီပါ ပါလာလေသည်။ကိုယ်လုပ်တော်အချို့လဲ ပါလာပီး မယ်မယ့်ကို ဆွဲထူနေကြသည်။

"ဂျင်းနီ~ဘယ်လိုဖြစ်ရတာလဲ"

ထယ်ယောင်းလဲ အသံတွေကြောင့် ထွက်ကြည့်တော့ ခမည်းတော်ရဲ့ ရင်ခွင်ထဲမှာ မယ်မယ်က မေ့မျောနေခဲ့တယ်။နှာခေါင်းနှင့်ပါးစပ်မှလဲ သွေးများစီးကျနေခဲ့ပီး ခမည်းတော်က လှုပ်နှိုးနေခဲ့တယ်။

ကိုကိုကလဲ အံဩကြီးစွာဖြင့် ရပ်ကြည့်နေပီး ငိုနေခဲ့တယ်။ဘာတွေဖြစ်ကုန်ကြတာလဲ Jeon မရှိတဲ့ အချိန်မှလေ....

"မင်းကြီး ဒါ အဆိပ်မိတာ~ပန်းအဆိပ်လက္ခဏာပါ...ဟင်!ဒီပန်းက ဘယ်သူပေးတာလဲ"

အမတ်လီက ပန်းကိုလက်ညှိုးထားကာ ပြောလေသည်။ဂျီမင်းက တုန်လှုပ်နေပုံရပီး နှာခေါင်းသွေးနဲနဲ ထွက်လာတာကို လက်မောင်းက အဝတ်စနဲ့ဖိသုတ်လိုက်လေသည်။ကြည့်ရတာ ဂျီမင်းပါ အနည်းငယ် ထိုပန်းအဆိပ်ကို ရှုမိသွားသည်ထင်ပါသည်။

"သခင်လေးဂျီမင်းက မယ်မယ်ကို ပေးလိုက်တာပါ"

အဖြစ်အပျက်တို့ကို အဝေးကနေမြင်တဲ့ မယ်မယ့်ရဲ့ ကိုယ်လုပ်တော်က ထဖြေလေသည်။

"ဟင်!မဟုတ်ဘူး ကျွန်တော်အဆိပ်ပါမှန်းမသိဘူး ဒါက လီအွန်းကယူလာတာ အရှင့်အခန်းမှာထားဖို့ သူရေအိမ်ဝင်ချင်တယ်ဆိုလို့.
ကျွန်တော်က ယူလာပေးတာ"

ခမည်းတော်ဟာ မယ်မယ့်ကိုကောက်ပွေ့လိုက်ပီး ထသွားတော့သည်။ထယ်ယောင်းလဲ မယ်မယ့်နောက် လိုက်ရမလို ကိုကိုနဲ့ နေခဲ့ရမလိုဖြစ်နေတုန်း...

The Alpha King And His Omega (Complete)Where stories live. Discover now