Part-7

26.5K 2.4K 126
                                    

"ဟုတ်~Jeon သဘောပါ"

ထယ်ယောင်းရဲ့ မျက်နှာနုနုကို အုပ်ကိုင်ကာ အနားသို့တိုး၍ ပန်းနုရောင် ပါးပြင်လေးပေါ် အနမ်းတပွင့် မွှေးကြူလိုက်မိသည်။ထယ်ယောင်းရဲ့ အသားကို သူ့ရဲ့ နှာခေါင်း ထိကပ်သွားသည်နှင့်တပြိုင်နက် ငြိမ်သက်နေသော ကန်ရေပြင်ကို ခဲလုံးကြီးကြီးတစ်လုံး ကျသည့်ပမာ လှုပ်ခတ်သွားခဲ့ရသည်။

ထယ်ယောင်းအပေါ်မှာ သူ့ရဲ့ စိတ်တချို့ကို လွှတ်ပေးဖို့ သူ့ရဲ့ wolf က ဆုံးဖြတ်လိုက်သည်ထင်ပါသည်။သူကိုယ်တိုင်ကလဲ Omega လေးအပေါ် လှုပ်ခတ်လာသည့် နှလုံးသားအစုံကို အပ်နှင်းရန် အဆင်သင့်ဖြစ်နေခဲ့ပီ။

သူနမ်းလိုက်သောအခါ ဖယ်ခွာသွားခဲ့တဲ့ omega လှလှလေးကို သူ့ရဲ့ Pheromone နဲ့တင် ထိန်းချုပ်လို့ရမှာ သိပါရက် သူမကြမ်းတမ်းချင်ပါ။ဒီအလှလေးကို ကြည့်နေရုံနဲ့တင် စိတ်နှလုံးဟာ အေးချမ်းနေခဲ့ပီလေ။

"ယောင်း~ထမင်း လာစားနော်...ဒီည"

"ဟုတ်.."

ရှက်ရွံဟန်ဖြင့် ဖြေနေသော ဆံပင်ဖွာလျားလေးနဲ့ကလေးငယ်ကို ခေါင်းလေးဖြီးပေးချင်နေသည်အထိ သူ့စိတ်တွေနူးညံ့နေခဲ့မိသည်။ဒါပေမဲ့ ချက်ချင်းကြီးဆို သူ့ကိုမယုံနိုင် ဖြစ်နေပေလိမ့်မည်။နောက်ဆုံးတော့ Alpha King က Omega ထံတွင်အလိုလို ကျရှုံးနေခဲ့ပီလေ။

"အဲတာဆို ကိုယ်သွားတော့မယ်~ယောင်း ဝတ်ရုံလဲလိုက်ဦး"

ခေါင်းငြိမ့်ပြပီး ငြိမ်သက်စွာထိုင်နေတဲ့ Omega လေးကို မြတ်နိုးစွာတချက်ကြည့်ပီး ထပြန်လာခဲ့ရသည်။နောက်ဆို ကိုယ့်အပိုင် ဖြစ်လာအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်ပီ ငါ့ရဲ့ Omega...

___________

ထယ်ယောင်းတို့ လျောက်လည်မည့်နေ့တွင် အရှင်က အလုပ်အားလုံးကို ဖြတ်ချကာ ထယ်ယောင်းကို အချိန်ပေးသောကြောင့် အလွန်ပင်ပျော်ရွှင်မိသည်။အရှင်က ထယ်ယောင်းအပေါ် ပြောင်းလဲလာပီလေ...

"ဟင်!အရှင်ပါလိုက်မှာလား"

ဟိုဆော့က မယုံကြည်နိုင်သလို ဂျောင်ကုကို ကြည့်ကာမေးသည်။သူတို့ရဲ့ King က ရုပ်ဖျက်ပီး ပထမဆုံး မြို့ထဲထွက်တာ သူတို့အတွက် ထူးဆန်းနေတာအမှန်။

The Alpha King And His Omega (Complete)Where stories live. Discover now