"အဲတာကြောင့် အရှင့်ကိုပြောတာလေ ~ အမဲလိုက်မထွက်ပါနဲ့ဦးဆိုတာကို အခုမိုးမိလာတော့ ပိုဖျားပီ မဟုတ်လား"
ဂျီမင်းက ကုတင်ပေါ်မှာ လှဲနေတဲ့ ယွန်ဂီကို ရေပတ်ဝတ်တိုက်နေရင်းက ပါးစပ်ကလဲ တဗြစ်တောက်တောက်ပြောနေသေးသည်။
"ဂျီမင်းနား~ကိုယ်တော် ဖျားနေလို့ ခေါင်းက ကိုက်နေရတဲ့ ကြားထဲ အခု ဂျီမင်းကြောင့် ပိုကိုက်လာပီ~အဖိုးကြီးကျနေတာပဲ ပွစိပွစိနဲ့"
"အရှင်က ဟုတ်မှမဟုတ်တာ~နားညည်းရင်လဲ မပြောတော့ဘူး သွားတော့မယ်"
ဂျီမင်းက ရေဇလုံက မကာဖြင့် ထွက်သွားဟန်ပြင်နေတုန်း လက်ကိုလှမ်းဆွဲထားလိုက်သည်။
"စိတ်ကောက်ပြန်ပီလား"
"မကောက်ပါဘူး ဘယ်သူကကောက်တယ်ပြောလဲ"
"စိတ်မကောက်ရင်ဘာလို့ ထွက်သွားမှာလဲ"
"အရှင်ပဲ နားညည်းလို့ဆို~အဲတာကြောင့် ပြန်မလို့လေ"
"ကိုယ်တော်ကစတာပါ ဂျီမင်းရယ်~မင်းက တဖြေးဖြေးကလေးပိုဆန်လာတယ်နော်"
"အရှင်..."
သူ့ကိုကလေးလို့ ပြောရင် မကြိုက်တဲ့ ဂျီမင်းက စူပုတ်ကာထိုင်နေသည်။ပန်းရောင်ဝတ်ရုံလေးဖြင့် ဂျီမင်းဟာ သိပ်ချစ်ဖို့ကောင်းနေတာကိုတော့ ကိုယ်တော်ဝန်ခံပါတယ်။အခုတလော ဂျီမင်းကို Uraniumက တပ်မှူးဆိုသူနဲ့ နီးစပ်မှာကို ကြောက်နေမိတယ်။ဂျီမင်းကို သူလိုအပ်တယ်လေ။ဂျီမင်းက တခြားတစ်ယောက်နဲ့ အိမ်ထောင်ရက်သားကျသွားရင် သူ့နားကထွက်သွားမှာလားဆိုပီး အခုတလောတွေးနေမိတာ။
"ဂျီမင်းနား~အိမ်ထောင်ပြုရင် ကိုယ်တော့်နားက ထွက်သွားမှာမဟုတ်လား"
အရှင်က ဘာစကားကိုကြားချင်တာလဲ။သူချစ်တာကို သိရဲ့သားနဲ့ အိမ်ထောင်ပြုစေချင်နေတာလား။အရှင့်ကို အရွဲ့တိုက်ပစ်ဦးမယ်။
"ဟုတ်တယ်လေ~ကျွန်တော်အိမ်ထောင်ပြုတာနဲ့ ဒီကနေ ထွက်သွားမှာ ဟွန်း အခုလဲ သွားတော့မယ်"
တစ်ခုခုလှစ်ဟာသွားသလို ခံစားချက်မျိုးခံစားလိုက်ရသည်။ယောင်းလေးကို ချစ်ခဲ့တာမှန်သော်လည်း အခုအချိန်မှာတော့နေသားကျသွားခဲ့ပီ။ဂျီမင်းက အမြဲ သူ့နားမှာနေပေးခဲ့တာ။သူအတွက် မရှိမဖြစ်ထဲမှာ ဂျီမင်းပါတယ်။တကယ်လို့ ဂျီမင်းသာ သူ့အနားကထွက်သွားမယ်ဆို သူတကယ်ဝမ်းနည်းရလိမ့်မယ်။
YOU ARE READING
The Alpha King And His Omega (Complete)
Werewolfနေမဝင်အင်ပါယာကြီးရဲ့ Dominant Alpha King Jeon Jungkook... မိမိကို ချုပ်ကိုင်မည့် မည်သည့်အရာကိုမှ လက်မခံနိုင်တဲ့ King က Omega တွေကိုလဲ မုန်းတီးနေသတဲ့... ရှားပါးပီး တန်ဖိုးရှိလှတဲ့ Male Omega Kim TaeHyung... နိုင်ငံအသီးသီးက Kingများ၊Prince များက ရှား...