ဒီနေ့ဟာ Jeon နဲ့ ယောင်းရဲ့ အိမ်ထောင်သက် ၅နှစ်ပြည့်တဲ့နေ့၊တနည်းအားဖြင့် သားတော်လေးလဲ ၃နှစ်ပြည့်တဲ့နေ့ဖြစ်တာကြောင့် နန်းတော်ထဲမှာ ပွဲကျင်းပဖို့ ရှုပ်ယှက်ခတ်နေခဲ့ကြသည်။ထယ်ယောင်းကြိုက်တဲ့ Purple Lilac ပန်းလေးတွေကို နန်းတော်ထဲမှာ အပြည့်ပြင်ဆင်ပေးထားခဲ့ပီး ကြာဖြူပန်းတွေဟာလဲနေရာအနှံ့။
Jeon ကမိုးလင်းထဲက ညီလာခံထဲရောက်နေတာကြောင့် ထယ်ယောင်းဟာ စိတ်ကောက်နေရပီ။သားတော်လေးကို မီတို့အဝတ်အစားဝတ်ပေးနေတာကိုကြည့်နေရင်း Jeon ကိုစောင့်နေမိတော့တာ။ဒီလိုနေ့တော့ တစ်နေကုန်ယောင်းဘေးမှာရှိနေသင့်တာမဟုတ်ဘူးလား...
Jeon ဟာ ယောင်းကို သိပ်ချစ်ပေးခဲ့သည်။လိုလေသေးမရှိအောင်ထက်ပင်ပို၍ သားတော်နဲ့ ယောင်းကို ဂရုစိုက်ကာ ချစ်မြတ်နိုးပေးခဲ့သည်။
Heat ဝင်တိုင်း Jeon က အနားမှာနေပေးကာ သူ့ရင်ငွေ့ဖြင့်သက်သာစေခဲ့သည်။ယောင်းဟာ Omega အားလုံးထဲတွင် ကံအကောင်းဆုံး Omega ဟု ကိုယ့်ကိုကိုယ်သတ်မှတ်ချင်ပါသည်။အခုဆိုရင် ယောင်းက Jeon ကို ကလေးလေးထပ်မွေးပေးချင်လို့ ခွင့်တောင်းသော်လည်း Jeon ကခွင့်မပြုတော့ချေ။ယောင်းနာကျင်ရတာကို နောက်တကြိမ်ထပ်ပီးမမြင်ချင်ဘူးဟုဆိုသည်။
"အရှင်မင်းကြီးကြွလာပါပီ"
Jeon ဝင်လာသည်နှင့်ထယ်ယောင်းရဲ့ နဂိုစူထားတဲ့ နှုတ်ခမ်းဟာပိုမို၍ ထော်လာခဲ့ရသည်။ဒါက စိတ်ကောက်နေတာတဲ့လား?
"ယောင်း ပြီးပြီးလား~ကိုယ်တို့ ကပွဲသွားရအောင်လေ"
"...."
"ယောင်း!!ဘာဖြစ်နေတာလဲ"
ယောင်းက ဘာမှပြန်မပြောတော့ Jeon က ယောင်းမျက်နှာကိုကုန်း၍ကြည့်လာသည်။စူထော်နေတဲ့ နှုတ်ခမ်းကိုမြင်တော့ Jeon က လက်ဖြင့် ညှစ်ဆွဲလိုက်ပီး စနေခဲ့သည်။
သူသိပါသည်။ယောင်းက တစ်နေကုန်သူ့ကိုပစ်ထားတယ်ဆိုပီး စိတ်ကောက်နေတာဖြစ်သည်။
"အ!လွှတ်ဗျာ..နာတယ်"
"အသဲလေးကလဲ ကိုယ်ကပစ်ထားတာမဟုတ်ရပါဘူးကွာ!!သားတော်လေးအတွက် ရှေ့ရေးတိုင်ပင်နေလို့ ကြာနေရတာပါ။စိတ်မကောက်ပါနဲ့တော့ ဘာလိုချင်လဲပြော နှစ်ပတ်လည်နေ့မှာ ယောင်းလိုချင်တာကို ဒီဘုရင်ကဝယ်ပေးမယ်"
YOU ARE READING
The Alpha King And His Omega (Complete)
Werewolfနေမဝင်အင်ပါယာကြီးရဲ့ Dominant Alpha King Jeon Jungkook... မိမိကို ချုပ်ကိုင်မည့် မည်သည့်အရာကိုမှ လက်မခံနိုင်တဲ့ King က Omega တွေကိုလဲ မုန်းတီးနေသတဲ့... ရှားပါးပီး တန်ဖိုးရှိလှတဲ့ Male Omega Kim TaeHyung... နိုင်ငံအသီးသီးက Kingများ၊Prince များက ရှား...