မင်းကိုမပိုင်ဆိုင်ရမှန်းသိထားပေမဲ့ အခုလို နားနဲ့ဆတ်ဆတ်ကြားလိုက်ရတာ တကယ်ရင်နာရတယ်။မင်းကို ဖွင့်ပြောခွင့်တောင်မရှိတဲ့ ဘဝလေးမှာတောင် နေခွင့်ရှိရဲ့လား...
ထယ်ယောင်းတို့ညီအကိုကို ထမင်းစားဆောင်သို့ လာခေါ်နေရင်း ထိုစကားတို့ကိုကြားခဲ့ရတာဖြစ်သည်။
အကိုကြီးတစ်ယောက်လိုပါပဲတဲ့လား!!
ဘာပဲဖြစ်ဖြစ် သံယောဇဉ်ရှိပေးနေတာနဲ့တင် ကျေးဇူးတင်နေပီမို့ ထပ်ပီးရှေ့ဆက်မတိုးတော့ပါဘူးငယ်ရယ်။
အကိုက မင်းလေးကို ပျော်ရွှင်အောင် လုပ်ပေးချင်ခဲ့တာ။တစ်သက်မှာတစ်ခါသာချစ်ခဲ့ဖူးတာမို့ ပိုင်ဆိုင်ချင်တာပေါ့။ဒါပေမဲ့ အချစ်ဆိုတာ လုပ်ယူလို့မရတာ အကိုလဲနားလည်တာမို့ မင်းအနားမှာ မင်းပျော်အောင်ထားပေးမယ်။မင်းလေး မလိုအပ်တော့တဲ့ အချိန်ထိ နေပေးနေမယ်...
ယောက်ကျားတန်မဲ့ ငုတ်တုတ်ထိုင်ချကာ ငိုမိသည်။ချစ်တဲ့သူဆီက မဖွင့်ပြောခင်ကပင် အငြင်းစကားကြားရတာ ဘယ်လောက်တောင် ရင်နာဖို့ကောင်းလိုက်သလဲ ခံစားဖူးမှသိလိမ့်မည်။
မျက်ရည်တို့ကို လက်ဖြင့် ဖိသုတ်ကာ ဂျီမင်းတို့ရှိရာဆီ ထွက်လာခဲ့တော့သည်။
"ဟင်!အကိုဟိုဆော့ ဘယ်တုန်းကရောက်နေတာလဲ"
ဂျီမင်းက အကိုဟိုဆော့ကိုတွေ့တော့ ကြားသွားပီလားဟု လန့်နေမိသည်။အားနာမိတာမို့ မကြားစေချင်ဘူး..
"ခုမှ ရောက်တာ ~ထမင်းစားကြတော့လေ မှောင်တော့မယ် ~ယောင်းလေးကို အရှင် Kimတို့ လဲစောင့်နေကြတယ် ပြောစရာရှ်ိလို့ထင်တယ်"
"ဟုတ်အကိုဟိုဆော့"
ထယ်ယောင်းက အရင်ထသွားတော့ ကျန်ခဲ့သည်က ဂျီမင်းနဲ့ ဟိုဆော့သာ။
"အကို နေကောင်းရဲ့လား"
ဂျီမင်းက ဟိုဆော့ရဲ့ နှဖူးကို စမ်း၍ မေးလေသည်။ဂျီမင်းက ကြင်နာတတ်သူမို့ လူတိုင်းကို ဒီပုံစံအတိုင်းဆက်ဆံပေးပေမဲ့ သူကချစ်နေရသူဆိုတော့ ရင်ခုန်နေရသည်။ထပ်ပီး ခင်တွယ်အောင် မလုပ်ပါနဲ့ မခံစားချင်လို့ပါ...
ESTÁS LEYENDO
The Alpha King And His Omega (Complete)
Hombres Loboနေမဝင်အင်ပါယာကြီးရဲ့ Dominant Alpha King Jeon Jungkook... မိမိကို ချုပ်ကိုင်မည့် မည်သည့်အရာကိုမှ လက်မခံနိုင်တဲ့ King က Omega တွေကိုလဲ မုန်းတီးနေသတဲ့... ရှားပါးပီး တန်ဖိုးရှိလှတဲ့ Male Omega Kim TaeHyung... နိုင်ငံအသီးသီးက Kingများ၊Prince များက ရှား...