Part-14

23.9K 2K 233
                                    

"အရှင်မင်းကြီး ဘယ်လိုဖြစ်ရတာလဲ ယောင်းလေးက"

ဂျီမင်းနဲ့ အရှင်မင်ယွန်ဂီက ပြန်ခါနီးကျမှ ထယ်ယောင်းသတင်းကြား‌၍ အဆောင်တော်သို့ ရောက်လာကြတာဖြစ်သည်။

"ကိုယ်တော့်ကြောင့်ပါ~ကိုယ်တော် ကိုယ့်ကိုကိုယ်မထိန်းသိမ်းနိုင်လို့ ဖြစ်သွားရတာပါ"

ဂျီမင်းက အရှင်မင့်ကိုကြည့်တော့ အရင်ကလောက် အရမ်းစိုးရိမ်နေတဲ့ ပုံမပေါ်ဘူး။အရှင် ယောင်းလေးအပေါ် လက်လွှတ်လိုက်နိုင်ပီ ထင်ပါရဲ့။

"KING Jeon ယောင်းလေးကို ဂရုစိုက်မယ်ဆိုတာ ယုံကြည်ပါတယ်၊အခု ကျွန်တော်တို့လဲ တိုင်းပြည်ကိုပြန်ချိန်ရောက်ပီမို့ ယောင်းလေး နိုးလာရင် နှုတ်ဆက်သွားတဲ့ အကြောင်းပြောပေးပါ"

"ကောင်းပီ King Min"

သူ့ဟာနဲ့သူတောင် ဖရိုဖရဲဖြင့် ထယ်ယောင်းဘေးနား‌မှာ ထိုင်နေသော ဂျောင်ကုကို ဂျီမင်းလဲ ဘာမှအပြစ်မဆိုရက်တော့ပေ။သူတို့လင်လင်ကြားဝင်ပါလို့လဲ မသင့်ဘူးမဟုတ်လား။

ထယ်ယောင်းနှဖူးလေးကို ဂျီမင်းက ငုံ့နမ်းပီးနောက် ထွက်သွားတဲ့ အရှင့်နောက်လိုက်ရပြန်ပါသည်။အရှင်နဲ့ ညကလဲ တညလုံးစကားများထားရသေးတယ်။အကိုဟိုဆော့နဲ့ အရမ်းရင်းနှီးတာကို မကြိုက်ဘူးတဲ့လေ။

ဂျီမင်းက ဒီတိုင်းရင်းနှီးတာပါပြောလဲမရဘူး။တိုင်းတပါးသားကို ယူပီးသူ့ကို တစ်ယောက်ထဲ ထားသွားတော့မှာ မဟုတ်လားပဲ မေးနေတဲ့ အရှင့်ကို ‌ဂျီမင်းလဲ စကားမပြောချင်တာမို့ ဒီတိုင်းလွှတ်ထားလိုက်သည်။အခုထိ သူ့စိတ်ကိုမသိသေးတဲ့ ဘုရင်ဂျပု....

____________

"မင်းကြီးရယ် လူကြားလို့တောင်မကောင်းဘူး~Omegaကို အရမ်းမနှိပ်စက်ပါနဲ့ သားတော်က နူးညံ့လွန်းတာ မင်းကြီးလဲ သိ‌‌ေနတာပဲ"

ဖခမည်းတော်တို့ပါ ထယ်ယောင်းသတင်းကြားလို့ လာကြည့်နေကြတာဖြစ်သည်။ခမည်းတော်ပြောတာ ရှက်ဖို့ကောင်းပေမဲ့ ကိုယ့်အပြစ်နဲ့ကိုယ်မို့ ငြိမ်နေရသည်။omega seokjinက ထယ်ယောင်းနှဖူးလေးကို အုပ်ကိုင်ပီး...

"ယောင်းလေးက အရမ်းထူးခြားတဲ့ Omega လေးပဲ အရှင်ကတော့ ဒီ့ထက်ပိုပီး ဂရုစိုက်ရဦးမယ်"

The Alpha King And His Omega (Complete)Where stories live. Discover now