"ဟိုတစ်ယောက်က သတိရပီလား"
"မရသေးပါဘူး အရှင်၊သွားကြည့်ချင်ကြည့်လိုက်ပါလား အရှင်ရယ်"
အထိန်းတော် ဝမ်က အရှင်စိတ်ပူနေတာကိုသိတယ်။ဒါပေမဲ့ အရှင်က ဟန်ဆောင်ကောင်းနေတာပဲ။
မနက်မိုးလင်းထဲက ဖင်တကြွကြွနဲ့မို့ သွားကြည့်ရအောင်ဆိုတော့လဲ မာနကိုတင်းခံနေသေးသည်။"မကြည့်ချင်ပါဘူး~ငါကိုယ်တော်က ကြည့်ချင်နေတဲ့ပုံပေါက်နေလို့လား"
"မပေါက်ပါဘူးအရှင်~ဒါပေမဲ့ အရှင့်ကြောင့်ဖြစ်သွားရတာမဟုတ်လား...သွားကြည့်သင့်တယ်လေ ညကလဲ သမားတော်လာတာနဲ့ အရှင်က ဒီတိုင်းထားပီးထွက်လာတာပဲ"
"သူ့အခန်းထဲ တစက္ကန့်တောင် မနေချင်လို့လေ~ဘာနံ့ တွေ မှန်းကို မသိဘူး"
"အရှင်ရယ်~Omega ရဲ့ Pheromone နံ့လေးက အရမ်းမွှေးနေတာပါ "
"မမွှေးပါဘူး ~သူတို့က အဲတာနဲ့ပဲ Alpha တွေကို ဆွဲဆောင်နေတာ အဲ့ဒီ့ထဲမှာ ငါမပါဘူး"
တက်မက်ရဲ့သားနဲ့ မလိုချင်ဟန်ဆောင်နေတဲ့
အရှင့်ကို အထိန်းတော်ကြီးလဲ ဘာမှ မပြောသာတော့ပေ။"ကဲပါ~ဝမ် ပြောသလို ကိုယ်တော်ကြောင့် ဖြစ်တာဆိုတော့ မကောင်းဘူး မဟုတ်လား~သွားကြည့်ပေးမယ်...ဟုတ်ပီလား~ကိုယ်တော်သွားချင်လို့ မဟုတ်ဘူးနော် မကောင်းတတ်လို့"
အထိန်းတော်ကြီးလဲ ခေါင်းငြိမ့်ကာ ပြုံးမိပါသေးသည်။ဒီဘုရင်ဟာ တယ်လဲ ခေါင်းမာတယ်ဆိုတာကိုတော့ တိတ်တိတ်လေးပဲ ရေရွတ်နေလိုက်သည်။
____________
"အရှင် ~ဒီအရက်တွေ မသောက်ပါနဲ့လို့ ကျွန်တော်ဘယ်နခါပြောရမလဲ"
အရှင်ထိုင်နေတဲ့ ဘေးကခုံမှာ ဂျီမင်းဝင်ထိုင်ပီး အရှင့်ရဲ့ လက်ထဲက အရက်ခွက်ကို ဆွဲယူလိုက်သည်။
"ပြန်ပေး~ဂျီမင်းနား"
"မပေးဘူးအရှင်~ဘာဖြစ်လို့ ကိုယ့်ကိုကိုယ် ဂရုမိစိုက်ရတာလဲ~ထွက်သွားတဲ့သူက သွားခဲ့ပီ။အရှင်ကနေ့တိုင်း ဒီလိုလုပ်နေမှာလား"
အရှင်က မျက်လုံးနီစွေးစွေးများဖြင့် ဂျီမင်းကိုလှည့်ကြည့်ပီး ...
YOU ARE READING
The Alpha King And His Omega (Complete)
Werewolfနေမဝင်အင်ပါယာကြီးရဲ့ Dominant Alpha King Jeon Jungkook... မိမိကို ချုပ်ကိုင်မည့် မည်သည့်အရာကိုမှ လက်မခံနိုင်တဲ့ King က Omega တွေကိုလဲ မုန်းတီးနေသတဲ့... ရှားပါးပီး တန်ဖိုးရှိလှတဲ့ Male Omega Kim TaeHyung... နိုင်ငံအသီးသီးက Kingများ၊Prince များက ရှား...