Part-6

25.6K 2.5K 205
                                    

Alpha တိုင်းဟာ Omega တွေရဲ့ Pheromone နဲ့တင် မိမိကိုယ်ကို မထိန်းချုပ်နိုင်ကြဘူးဆိုတာ ဂျောင်ကု ဝန်ခံပါတယ်။Omega လေးအနားရောက်ရင် သူ့ရဲ့ Wolf က အလိုလို မြူးထူးခုန်ပေါက်လျက်ရှိတယ်။သူကိုယ်တိုင်လဲ ထယ်ယောင်းက သူ့စိတ်ထဲထိ တဖြည်းဖြည်းဝင်ရောက်လာနေတာကို သိနေမိပီ ဖြစ်တယ်။

Alpha တိုင်းဟာ Omega တွေရဲ့ Pheromone နဲ့တင် မိမိကိုယ်ကို မထိန်းချုပ်နိုင်ကြဘူးဆိုတာ ဂျောင်ကု ဝန်ခံပါတယ်။Omega လေးအနားရောက်ရင် သူ့ရဲ့ Wolf က အလိုလို မြူးထူးခုန်ပေါက်လျက်ရှိတယ်။သူကိုယ်တိုင်လဲ ထယ်ယောင်းက သူ့စိတ်ထဲထိ တဖြည်းဖြည်းဝင်ရောက်လာနေတာကို သိနေ...

Oops! Questa immagine non segue le nostre linee guida sui contenuti. Per continuare la pubblicazione, provare a rimuoverlo o caricare un altro.

"ဝမ်~ထယ်ယောင်းက ထမင်းလာမစားဘူးလား"

Dining Room ထဲ ရောက်တော့ ဘယ်သူမှ ရှိမနေတာမို့ အထိန်းတော်ကြီးကို မေးမိသည်။မအားလပ်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် တွေ့ဖို့ အချိန်ရှားနေရင် တောင် ညစာ ထမင်းစားချိန်မှာတော့ သူ့ရဲ့ Wolf က Mate ကို တောင့်တနေမိတယ်။

"သခင်လေးက သူ့အကိုပါရောက်နေတယ်ဆိုတော့ အားနာတာကြောင့် လာမစားတာဖြစ်ပါလိမ့်မယ် အရှင်"

"အော်!"

ထမင်းစားချိန်ဆို ဟင်းတွေ တောင်းစားနေကြ ထယ်ယောင်းရဲ့ အသံလေးတွေ၊ပီးတော့ ယစ်မူးစရာကောင်းတဲ့ အနံ့မွှေးမွှေးလေးရယ်ကို မရတာ တစ်ခုခုလိုနေသလိုပဲ။ဒီနေ့မှ ထမင်းစားရတာပေါ့ပျက်ပျက်နဲ့၊တမနက်လုံး မတွေ့ရလို့ ဒီအချိန်လေးပဲ ခနလေး တွေ့ရရင် ကျေနပ်နေတာလေ။
ဟင်!!ငါအခု Omega ကို စွဲလမ်းနေတာလား??

"အရှင် စားမကောင်းဘူးလား"

"ဟမ်!ကောင်းပါတယ် ဘာဖြစ်လို့လဲ"

"အရှင့်ကြည့်ရတာ တို့ခနန်းစိတ်ခနန်းနဲ့မို့ပါ ထယ်ယောင်းမရှိလို့မဟုတ်လား"

"ဘာ..ဘာဆိုင်လို့လဲ အထိန်းတော်ဝမ် စကားကို ဆင်ခြင်ပြောပါ"

"ဟုတ်ကဲ့ပါအရှင်"

ပြုံးစိစိလုပ်နေသော ဝမ့်ကို ငေါက်‌လိုက်ရပေမဲ့ ကိုယ်တိုင်က တကယ်ပဲ ထယ်ယောင်းကို တွေ့ချင်နေတာပဲ...

The Alpha King And His Omega (Complete)Dove le storie prendono vita. Scoprilo ora