Part-17

17.3K 1.8K 176
                                    

ခရီးစထွက်လာပီဆိုထဲက တွေးနေမိတာ ယောင်းလေး ဘာမှမဖြစ်ပါစေနဲ့ ဟူ၍သာ။သူ့ကြောင့် ကလေးသာ တစ်ခုခုဖြစ်သွားခဲ့ရင် ရင်ကျိုးလို့ သေရချဉ်ရဲ့။

သူ့ရဲ့ Omega လေးဟာ Alpha Tone ကိုတောင် ခံနိုင်ရည်မရှိသော ကလေးလေးမို့ Alpha တွေကြား ဘယ်လိုဖြစ်နေလေမလဲ။Lucas ကရော ဘာအကြံအစည်ကြောင့် ထယ်ယောင်းကို လိမ်ခေါ်သွားရတာလဲ။ဟာရူကျန်နေခဲ့တာတောင် Ax ကဘာတွေထပ်လိုချင်နေတာလဲ။

ထယ်ယောင်းကို ဓားစာခံလုပ်ပီး Uranium ကို အကွက်တစ်ခုခုချိုးလာခဲ့တယ်ဆိုရင်တောင် သူ့ရွေးချယ်မှုက ယောင်းလေးပဲ ‌ဖြစ်နေမှာပဲ။

ထယ်ယောင်းကို စတွေ့ထဲက သဘောကျခဲ့မိတာဖြစ်သည်။သို့သော် ကိုယ့်စကားနဲ့ကိုယ်မို့ ဟန်ဆောင်နေခဲ့ရတာ။နောက်တော့ သိပ်ချစ်စရာ‌ ကောင်းတဲ့ ယောင်းလေးကြောင့် အချစ်တွေဟာ ပွင့်အံကုန်ခဲ့ရတာဖြစ်သည်။မချစ်ဖူးတဲ့ အချစ်ဦးလေးမို့ ရူးလောက်အောင်ကိုချစ်သည်။

ဂျောင်ကုရဲ့ မြင်းဟာ ‌ခုန်ပေါက်ပြေးလွှားနေပေမဲ့ မောပန်းနေသူဟာ ဂျောင်ကုကိုယ်တိုင်ဖြစ်လို့နေတယ်။သူ့ရဲ့ ရင်အစုံဟာ အလွန်ပင်ပူလောင်နေခဲ့ရပီဖြစ်သည်။ယောင်းလေးရဲ့ ဖြူလျော့လျော့မျက်နှာလေးကို မြင်ယောင်နေမိသည်။တစိမ်း‌‌တွေကြားမှာ ကြောက်လန့်နေမှာလား။

အနံ့အသက်တွေကို မခံနိုင်တဲ့ ယောင်းလေးက အခုဆိုရင် မူးဝေနေလေမလား။ဒီဘုရင်ကို စိတ်ပူပီး ငိုနေမလား စသဖြင့် အတွေး‌‌ေပါင်းစုံက ပို၍ ပူလောင်စေသည်။

"အရှင် မြင်း‌တွေပင်ပန်းနေပီ~နားပီးမှ ခရီးဆက်ကြရင်ကောင်းမယ်"

"မနားနိုင်ဘူး ဝမ်~ယောင်းလေးက တစ်ပါးသူနိုင်ငံမှာ ဘယ်လိုရင်ဆိုင်နေရမလဲ မသိတာကို ကိုယ်တော်က နားနေလို့ ဖြစ်ပါ့မလား~ခရီးဆက်မယ်ဟေ့"

မြင်းကို ဒုန်းဆိုင်းကာ ထွက်သွားသော အရှင့်နောက်အားလုံးကိုယ်စီလိုက်ရပြန်ပါတော့သည်။

"အကို~ယောင်းလေး တခုခုမဖြစ်လောက်ပါဘူးနော်"

မြင်းပေါ်မှာ ဟိုဆော့ရဲ့ အနောက်မှာမစီးရဲဘူးဆိုသောကြောင့် အရှေ့မှာထိုင်နေတဲ့ ဂျီမင်းက အနောက်ကိုလှည့်ကာမေးလာသော ကြောင့် ခေါင်းခါပြကာ...

The Alpha King And His Omega (Complete)Donde viven las historias. Descúbrelo ahora