"အသေးလေး~ဘာလို့ဒီမှာလာနေနေတာလဲ"
ထယ်ယောင်းရဲ့ လက်ထပ်ပွဲအပီး ပန်းရုံလေးနားမှာ တစ်ယောက်ထဲလာထိုင်နေမိတာ။အခုဆိုရင် သူ့ညီလေးအတွက် စိတ်ချသွားရပီလေ၊ဒါပေမဲ့ ဘာကိုဝမ်းနည်းလို့ နည်းမှန်းမသိဘဲ တစ်ယောက်ထဲလာထိုင်နေမိတာ။
"အော်!အကိုဟိုဆော့ ပျင်းလို့ပါ"
ဂျီမင်းရဲ့ ဘေးကိုဝင်ထိုင်လိုက်ပီးနောက်
"ဟုတ်လို့လား~တစ်ခုခုဖြစ်နေတာမဟုတ်ဘူးလား"
အပြုံးမျက်နှာနှင့်မေးနေသော အကိုဟိုဆော့ကကြင်နာတတ်လိုက်တာ၊အမြဲပြုံးနေသောကြောင့် စစ်တပ်မှူးလို့တောင် မည်သူမှ ထင်မည်မထင်။
"ဟုတ်တယ်~အကို ကျွန်တော်လေ ဘာကို ဝမ်းနည်းလို့ နည်းမှန်းမသိဘူး~ယောင်းလေး အခုလို အိမ်ထောင်ကျတာ ဝမ်းသာပေမဲ့ ဝမ်းနည်းနေမိတယ်။တမျိုးပဲ"
"အော် ထယ်ယောင်းကို အသေးလေးကနှမျောနေတာပေါ့~ဖြစ်တတ်ပါတယ် ဂျီမင်းရယ် ဒါပေမဲ့ အများကြီးမတွေးပါနဲ့ အဆင်ပြေသွားမှာပါ"
"ဟုတ်တယ်နော် ~အကို ယောင်းလေးက အဆင်ပြေသွားမှာ"
"ကဲ ညနေစောင်းတော့ အေးလာပီ ~ မဝင်သေးဘူးလား"
"ဟင့်အင်း!ကျွန်တော်ခန ထိုင်နေချင်သေးတယ်။အကိုမအားရင် သွားလေ ရပါတယ်"
"အကို အဖော်လုပ်ပေးပါရစေ ဂျီမင်းရေ ~ရော့ မဝင်သေးရင် ဒါလေးတော့ ခြုံထား"
အကိုဟိုဆော့က သူဝတ်ထားတဲ့ ဝတ်ရုံအပေါ်ထပ်ကိုဂျီမင်းပေါ်ကို လွှားပေးပီး ပြုံးပြနေခဲ့တယ်။အကိုဟိုဆော့နေရာမှာ အရှင်ယွန်ဂီသာဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ...
အကိုဟိုဆော့ သူပျော်အောင်အများကြီး စကားတွေပြောပေးခဲ့တယ်၊သူေပြာသမျှကိုလဲ နားထောင်ကာ ရီပေးနေခဲ့တာ။အကိုဟိုဆော့က တကယ့်ကို Sunshine လေးပါပဲ..
"ကဲ အသေးလေး~မှောင်လဲမှောင်လာပီ အေးလဲအေးလာပီ ကပွဲလဲစတော့မယ် သွားရအောင်"
"ဟုတ်အကို"
ဂျီမင်းထရပ်လိုက်တဲ့ အချိန် ခြေထောက်ကျင်နေတာမို့ ယိုင်သွားတဲ့အခါ အကိုဟိုဆော့က လှမ်းထိန်းပေးခဲ့လို့ မလဲကျခဲ့တာ တော်ပါသေးတယ်။
YOU ARE READING
The Alpha King And His Omega (Complete)
Werewolfနေမဝင်အင်ပါယာကြီးရဲ့ Dominant Alpha King Jeon Jungkook... မိမိကို ချုပ်ကိုင်မည့် မည်သည့်အရာကိုမှ လက်မခံနိုင်တဲ့ King က Omega တွေကိုလဲ မုန်းတီးနေသတဲ့... ရှားပါးပီး တန်ဖိုးရှိလှတဲ့ Male Omega Kim TaeHyung... နိုင်ငံအသီးသီးက Kingများ၊Prince များက ရှား...