ကျိန်းစပ်စပ်၊စပ်ဖြင်းဖြင်း မျက်လုံးတွေကို ပွတ်သပ်ရင်း စေရိုးရာ နိုးထ လာခဲ့တယ်။ခုတင်ပေါ် ငုတ်တုပ်ထိုင်ရင်းနဲ့မှ သူ ခဏတာ တွေဝေ သွားတယ်။
တဆိတ် သူသေပြီးသွားပြီမဟုတ်လား။
ဟုတ်တယ် သူသေပြီးသွားပြီ။မိန်းမတစ်ယောက်ရဲ့ သိပ်လှတဲ့ ဗျူဟာကြောင့် သူသေခဲ့ရတာ။
သူသိပ်ချစ်ရတဲ့ အမျိုးသမီးလေးက သူ့ကို လှလှပပ လှည့်စားခဲ့တာ။"သိပ်တော်တယ် မြယွန်းမြတ် မင်းချစ်ရတဲ့ လူရဲ့ လက်နဲ့ ငါ့ကို သေစေခဲ့တယ်ပေါ့"
ကလင် ကလင် ကလင်
စားပွဲပေါ်က နှိုးစက် အသံကြောင့် သူ
လန့်ဖြန့်သွားတယ်။
တဆိတ် ဒါ ငရဲပြည်လား၊နတ်ပြည်လား။
စားပွဲပေါ်ကို သူလှည့်ကြည့်လိုက်တယ်။"ဟင် ဒါ ဒါ ငါ့စားပွဲပဲ"
သိပ်သပ်ရပ်လှတဲ့ သူ့စားပွဲပေါ်က နှိုးစက်နာရီ အနက်ရောင်လေး။
သူမတ်တပ်ရပ်လိုက်ပြီး အခန်းပတ်ပတ်လည်ကို ကြည့်လိုက်တယ်။"ဒါငါ့အခန်း"
သူမယုံနိုင်စွာ အခန်းတံခါးဖွင့်ပြီး အပြင်ပြေးထွက်လိုက်တယ်။
"ဒါငါ့အိမ်"
လှေကားရင်းမှာ ဒူးထောက်ထိုင်ရင်းနဲ့မှ
သူခေါင်းကို ခပ်ပြင်းပြင်း ခါရမ်းလိုက်တယ်။"မဟုတ်ဘူး မဟုတ်ဘူး ငါကသေပြီးသွားပြီလေ"
သူနားမလည်နိုင်စွာ နားထင်ကြောကို
ခပ်ပြင်းပြင်း ပွတ်ချေမိတယ်။"စေ သားလေးဒီမှာ ဘာလို့ ဒူးထောက်နေတာလဲ"
"ဖေဖေ!"
သူပြေးဖက်လိုက်မိတယ်။အတန်ကြာမှ ဖေဖေ့ဘက်က သူ့ကို ပြန်လည် သိုင်းဖက်လာတယ်။ဖေဖေလည်း အံ့အား
သင့်နေတယ် ထင်ပါရဲ့။သူအရင်က တစ်ခါလေးတောင်မှ ဖေဖေနဲ့ မရင်းနှီးခဲ့ပဲလေ။"သား နေသာရဲ့လား"
"သား သားဘာဖြစ်ခဲ့တာလဲ ဖေဖေ"
"သား ဖျားနေတာလေ"
"ဖျားနေတာ ဘာလို့ဖျား..."
ဖေဖေက သူ့နဖူးကို လက်ဖြင့်စမ်းလိုက်ရင်း
"အဖျားကျသွားပါပြီကွ တဆိတ်
သားခေါင်းတွေ ဘာတွေများ ထိမိသွားသေးလား"
YOU ARE READING
Villain(or)reborn(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...