သားချိုဆိုင်ကနေ အပြန်လမ်းတွင် စေရိုးရာက ဒီနေ့ခေတ် ကားနဲ့ လိုက်စီးလေသည်။
ဆန်နီကတော့ စေရိုးရာရဲ့ ကားကို မောင်းကာ
ဒီနေ့ခေတ် ကားနောက်ကနေ ကပ်လိုက်လာလေသည်။ညီအစ်ကို နှစ်ယောက်လုံးက သူ့ကို စိတ်မချ၍ လိုက်ပို့ခြင်းသာ။ရှေ့မှာ ဝိုင်းအုံနေတဲ့ လူအုပ်ကြီးကြောင့်
ဒီနေ့ခေတ်ရော၊ဆန်နီပါ ကားရပ်လိုက်ကြသည်။"အာ ယဥ်တိုက်မှု ထင်တယ် ဆင်းကြည့်ရအောင် ကိုကို"
ပြောရင်း ဆိုရင်း စေရိုးရာက ကားပေါ်က ဆင်းသွားလေသည်။
ထို့နောက် လူအုပ်ကြီးကို တိုးခွေ့ကာ သူ ဝင်ကြည့်လိုက်သည်။"သက်တံ့ သက်တံ့လွင်!"
သူ အော်ခေါ်လိုက်ပြီး ခေါင်းမှ သွေးတွေ
ယိုစီးကျကာ သတိလစ် မေ့မျောနေပြီ ဖြစ်တဲ့
သက်တံ့ ခန္ဓာကိုယ်ကို ပွေ့ယူ လိုက်လေသည်။ဆန်နီနဲ့ ဒီနေ့ခေတ်လည်း လူတစ်ချို့ကို တွန်းဖယ်၍ သူနဲ့သက်တံ့ဆီသို့ ပြေးလာလေသည်။ဆန်နီက အသားတွေ တဆက်ဆက်တုန်ကာ လူအုပ်ကြီးကို လှည့်၍ မေးလေသည်။
"လူနာတင်ကား လူနာတင်ကား ခေါ်ပြီးကြပြီလားဗျာ"
လူအုပ်ကြီးက ပြန်မဖြေခင်မှာ လူနာတင်ကားရောက်လာလေသည်။သက်တံ့နဲ့အတူ ဆန်နီက လိုက်ပါသွားပြီး စေရိုးရာနဲ့ ဒီနေ့ခေတ်က နောက်ကနေ ကားနဲ့ လိုက်ခဲ့ကြလေသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ခွဲစိတ်ခန်း ရှေ့တွင် သူတို့ သုံးယောက်လုံး ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။
စေရိုးရာ စိတ်မထိန်းနိုင်တော့သဖြင့်
အုတ်နံရံကို လက်သီးနဲ့ အချက်ပေါင်းများစွာ ပစ်ထိုးလိုက်သည်။ဒီနေ့ခေတ်ရော၊ဆန်နီရော
စေရိုးရာကို အတင်းဆွဲကာ ချုပ်ထားကြလေသည်။
ထို့နောက် ဆန်နီက စေရိုးရာရှေ့တွင်
ဒူးထောက်ထိုင်ချကာ ထိန်းထားတဲ့
မျက်ရည်တွေကို လွှတ်ချလိုက်ရင်း"ငါ ငါတောင်းပန်ပါတယ် စေ မင်းကိုယ်မင်း
အနာတရ ဖြစ်အောင် မလုပ်ပါနဲ့ သက်တံ့က အခုထိ ခွဲစိတ်ခန်းထဲက ထွက်မလာသေးဘူး
မင်းကပါ တစ်ခုခု ထပ်ဖြစ်သွားရင် ငါ ငါ ဘယ်လိုလုပ်ရမလဲ "
YOU ARE READING
Villain(or)reborn(Completed)
Romanceပုံကတော့ Pinterest ကပါ😁။Own creation လေးပါ။ ဖြေးဖြေးလေး up သွားမှာပါ။အရေးအသား မပြေမပြစ် ဖြစ်ခဲ့ရင် Lary ကိုသာ လာသတ်ကြပါ။ ဝါရင့် စာရေးဆရာကြီးတွေရဲ့ fic များနှင့် တိုက်ဆိုင်သွားပါက နားလည် ခွင့်လွှတ်ပေးကြပါရန် ကြိုတင် တောင်းပန်အပ်ပါသည်။Lary က စိတ်ကူးယ...