Villain(or)reborn Part 15 Zawgyi

2K 118 0
                                    

ဒီနေ့ခေတ်တစ်ယောက် ဉီးထွန်းမြတ်ရဲ့
ဖိတ်ခေါ်မှုကြောင့် ပန်းချီပြပွဲတစ်ခုသို့ တတ်ရောက် လာရလေသည်။လုပ်ငန်းရှင်
အများစု တတ်ရောက်ကြသဖြင့် အကျိုးယုတ်သည့် ပွဲ မဟုတ်သော်လည်း
သူမတတ်ရောက်ချင်တာတော့ အမှန်ပင်။
စင်စစ် ဉီးထွန်းမြတ်မှာ မြယွန်းမြတ် အဖေဆိုတာကိုလည်း သူသိပြီးသားပင် ဖြစ်သည်။
သမီးဖြစ်သူရဲ့ ပယောဂကြောင့် ဉီးထွန်းမြတ်က သူ့အား တကူးတက ဖိတ်စာပို့ခဲ့ခြင်းဖြစ်ပေမည်။ဒီနေ့ခေတ် ဆိုတဲ့သူက မိန်းမတွေကို မ မုန်းပေမဲ့ မိန်းမနောက်ပိုးတွေကိုတော့
အင်မတန် မုန်းတီးလေသည်။ဘယ်လောက်ပဲ မိမိကို ချစ်နေသည် ဆိုဉီးတော့ မိမိရဲ့ချစ်ရသူ
စေရိုးရာကို အသုံးချကာ ညီဖြစ်သူ ဆန်နီကို
ဒုက္ခပေးခဲ့သူ မဟုတ်ပါလား။

ပန်းချီပြပွဲကြီးက တကယ်ကို ကြီးကျယ်ခမ်းနားလှပေသည်။အမှန်က ပန်းချီပြပွဲဆိုတာထက် လုပ်ငန်းရှင်များသည် မိမိတို့၏ သမီးပျိုဖြူများကို အလြှပသည် ဟု ပင်​ထင်စရာ ဖြစ်နေလေသည်။
မိမိကိုယ်တိုင်ကပင် ညီဖြစ်သူဆန်နီက လိုက်ချင်လွန်းသဖြင့် ခေါ်လာခဲ့ရလေသည်။

"မောင်ရင်တို့က ဒီမှာကိုး အန်ကယ်တို့က လိုက်ရှာနေတာ"

ဉီးထွန်းမြတ်က လာနှုတ်ဆက်သဖြင့်
ဒီနေ့ခေတ် ပြုံးပြလိုက်လေသည်။

"ကိုကို တွေ့ကျပြန်ပြီနော်"

အဖေရှေ့တောင် မရှောင်ဘဲ လျှာရိုးမရှိ ကိုကိုဟု ခေါ်နေသော မြယွန်းမြတ်ကို ဒီနေ့ခေတ်ရော၊ဆန်နီပါ ဘဝင်မကျပေ။

"ဟုတ်ပါရဲ့ ဒါနဲ့ မြယွန်းမြတ်က အန်ကယ့် သမီးလား"

သူသိသိကြီးနှင့် မေးလိုက်ခြင်းပင်။

"ဟုတ်တယ် ကိုကို"

အဖေဖြစ်သူ ရှေ့ကနေ ကြိုဖြေနေသော
မြယွန်းမြတ်ကြောင့် ဉီးထွန်းမြတ်ကိုယ်တိုင်ကပင် အနည်းငယ် နေရခက်နေသလိုပင်။
ကြည့်မရတော့သော ဆန်နီက ဝင်ပြောလေတော့သည်။

"အဟတ် နေပါဉီး ဘာကိစ္စ ငါ့ကိုကိုက နင့်ကိုကို ဖြစ်သွားရတာလဲ"

သူလည်း ကြည့်မရတဲ့သူချင်း တူတာမို့ ဆန်နီ့ကို လွှတ်ထားလိုက်လေသည်။

Villain(or)reborn(Completed)Where stories live. Discover now