Villain(or)reborn Part 3 Zawgyi

3.2K 155 0
                                    

သူသတိရလာပြီ ဖြစ်သော်လည်း မျက်လုံးအစုံကို မဖွင့်သေးဘဲ ဘေးနားက အသံတွေကိုသာ နားစွင့်နေလိုက်သည်။

"Hello ဉီးက စေရိုးရာဖေဖေလား
ဟုတ်ကဲ့ စေရိုးရာ နေသိပ်မကောင်းလို့
ဒီည ကျွန်တော်တို့ အိမ်မှာ သိပ်မလို့ပါ
စိတ်မပူပါနဲ့ဉီး ကျွန်တော်တို့ မိသားစု
ဆရာဝန်နဲ့ ပြပြီးပါပြီ ကြီးကြီးမားမား မဟုတ်ပါဘူး ဟုတ်ကဲ့ ဟုတ်ကဲ့ စိတ်ချပါခင်ဗျာ"

မျက်လုံး ဖွင့်ကြည့်စရာ မလိုအောင်
ဆန်နီ့အသံမှန်း သူသိနေပါသည်။
အိမ်ကို စိတ်မပူစေချင်လို့ လှမ်းအကြောင်းကြားနေခြင်း ဖြစ်လေသည်။

"ညီလေး သွားနားလေ ကိုကို စောင့်ပေးထားမယ်"

ဒါက ဒီနေ့ခေတ်ရဲ့ အသံပင် ဖြစ်ပေမည်။

"ကျေးဇူး ကိုကို ဒါဆို အားမနာတော့ဘူးနော်"

ဆန်နီ ထွက်သွားတဲ့ ခြေသံကို သူ နားထောင်ရင်း 'ကောင်းပါ့၊ဆန်နီ ငါ့ကို
ပစ်ထားခဲ့ပြီပေါ့' ဟု သူတွေးရင်း မသိမသာ တံတွေး မျိုချမိလေသည်။

ဆိုတော့ ဒီနေ့ခေတ်နဲ့ ဆန်နီက ညီအစ်ကိုတွေပေါ့။အတိတ်တုန်းက
ဒီနေ့ခေတ်က သူ့ကို မုန်းတီးရွံရှာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေခဲ့ပြီး ဓားတစ်ဆုံး ထိုးသတ်ခဲ့ခြင်းက ဆန်နီ့ကြောင့် ဖြစ်လိမ့်မည်။
ဆန်နီ့အပေါ် အနိုင်ကျင့်ခဲ့ခြင်းကြောင့်
သူ့ကို မုန်းတီးခြင်းသာ။
ပြီးတော့ မြယွန်းမြတ် ကုန်းချောတာလည်း ပါခဲ့မှာ အသေအချာပင်။

သို့သော် ဆန်နီ့အပေါ်  သူအနိုင်ကျင့်ခဲ့ခြင်းက မြယွန်းမြတ်ခိုင်းလို့ပဲ မဟုတ်လား။သူမနဲ့တစ်ဖက်တည်းနေတဲ့ သူ့ကို ဘာလို့များ ခြောက်ချ ပစ်ရက်တာလဲ။
မြယွန်းမြတ် သူ့ကို မချစ်ဘူး ဆိုရင်တောင် ငြင်းလိုက်လို့ ရတာပဲ။
ဘာလို့ အခုလိုလုပ်ရက်တာလဲ။အိမ်နီးနားချင်းလည်းဖြစ်၊သူငယ်ချင်းလည်း ဖြစ်နေတာတောင်မှလေ။
ပြီးတော့ ဒီနေ့ခေတ်လို လူမျိုးက သူ့လို လူမျိုးကို သတ်ချင်ရင်တောင် လူငှားသတ်လို့ ရတာပဲလေ။ဘာလို့ ကိုယ်တိုင်
လက်နဲ့ သတ်ရတာလဲ။
မဟုတ်မှ ဒီကိစ္စ နောက်ကွယ်မှာ သူမသိသေးတာတွေ ရှိနေခဲ့ခြင်း ဖြစ်မည်။
ဒါ့ကြောင့် သူ ပြန်လည်မွေးဖွားလာတာ ဖြစ်ရမည်။ဘာပဲဖြစ်ဖြစ် သူဆန်နီနဲ့
ဖေဖေ့အပေါ်  ဂရုစိုက်မှုတွေ ပေးသင့်သည်မှာ အသေအချာပင် ဖြစ်ပေသည်။

Villain(or)reborn(Completed)Where stories live. Discover now