Villain(or)reborn Part 17 Zawgyi

2K 113 0
                                    

ကျောင်းဝန်းထဲက ကြက်တွန်သံကြောင့်
ဆန်နီ နိုးလာရလေသည်။
သူ အပျင်းကြောကို အင်းခနဲ သံရှည်ဆွဲကာ ဆန့်လိုက်ပြီးနောက် ဘေးတစ်ဖက် တစ်ချက်ဆီကို လှည့်ကြည့်လိုက်လေသည်။

"အမလေးဗျာ!"

သူ့ဘေးတွင် အိပ်နေသော ဆန်နီ့အား
လှဲလျောင်းကာ ကိုယ့်ခေါင်းကို ပင့်ထောက်၍ တစိမ့်စိမ့် ငေးမော ကြည့်နေရှာသူမှာ မိမိ၏ အစ်ကိုဖြစ်သူ ဒီနေ့ခေတ်ပင် ဖြစ်လေသည်။

ဒီနေ့ခေတ်က နှုတ်ခမ်းပေါ် လက်တင်၍ တိတ်တိတ်နေရန် ဆန်နီ့အား အချက်ပြလေသည်။

ဆန်နီက လေသံကို နှိမ့်၍ ခပ်တိုးတိုး​ ပြောလေသည်။

"ကိုကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ"

ဒီနေ့ခေတ်က မျက်ခုံးကို ပင့်မြှောက်၍ တိုးတိုးလေး ပြန်ပြောရှာသည်။

"အဟတ် အချစ်ရဲ့ဆွဲအားတွေပေါ့ "

ဆန်နီက မျက်မှောင်ကြုံ့လိုက်ကာ ဒီနေ့ခေတ်ကို နောက်လေသည်။

"ဝေါ့ ဝေါ့"

"ဟမ် ဟမ် ဘာဖြစ်တာလဲ "

စေရိုးရာမှာ ဆန်နီရဲ့ တဝေါ့ဝေါ့ အသံကြောင့် အတင်းကုန်းထလိုက် လေသည်။
ဆန်နီက စေရိုးရာရဲ့ ပုခုံးကို ဖြစ်ညှစ်လိုက်ရင်း

"ဘာမှ မဖြစ်ဘူး လန့်သွားတာလား စေ
ငါ ကိုကို့ကို စ နေတာ"

"အာ"

ဒီနေ့ခေတ်က လှဲနေရာမှ ထ ထိုင်ကာ
စေရိုးရာရဲ့ လည်တိုင်အား ခေါင်းနဲ့ ခပ်ဖွဖွတိုးဝှေ့လိုက်ရင်း ဆန်နီ့ကို ရယ်ကျဲကျဲနှင့် ပြောလေသည်။

"ကိုကို ပြောသားပဲ ဆန်နီရာ တိုးတိုးပြောပါဆို ခုတော့ ကိုယ့်ကောင်လေးက လန့်သွားရှာပြီ"

ဆန်နီက မျက်နှာ အမူအရာနှင့် အော့အန်သလို ပုံစံ လုပ်ပြလေသည်။
စေရိုးရာက တဟတ်ဟတ် ရယ်ရင်း ဆန်နီ့
ပုခုံးကို ပုတ်လိုက်ကာ

"ဆန်နီလေး မနာလို နေတာလား"

"မနာလိုစရာလား ဟွန့် အချစ်ငှက်တွေကတော့ ဘုန်းကြီးကျောင်းဆိုတာလည်း သတိရဉီး"

"အေးပါကွာ ကျစ် ဆန်နီ မိုးတောင်လင်းနေပြီကို မင်းဘေးက သားချိုကို နှိုးလိုက်ဉီး"

Villain(or)reborn(Completed)Where stories live. Discover now